Crocodile Tears (Part-9)

868 88 14
                                    

Crocodile Tears (Part-9)

"ဆရာ...”

ကောင်လေးခေါ်သံကြောင့် စာကြည့် မျက်မှန်ကို နှာခေါင်းရိုးလည်လောက်ထိ လျှောချပြီး "ဘာလဲ” သည့်သ​ဘောဖြင့် မေးငေါ့ပြလိုက်သည်။ ကောင်လေးက လက်ကလေး ​နောက်ပြစ်ရပ်၍ မျက်လွှာချထားပြီး သူ့အနားတွင်ရပ်နေခဲ့သည်။

"ဆရာ... နေ့လည်စာစားတော့မလား.. ကျွန်တော်ပြင်ပြီးပါပြီ...”

ကောင်လေးက နေ့လည်စာဟု ဆိုလိုက်သည်နှင့် စပ်ဖျင်းဖျင်း ထူအမ်းအမ်းဖြစ်နေသည့် လျှာလိတ်များက  ပြန်၍ပူလောင် လာသလိုပင်။ အရသာလဲ ကောင်းကောင်းခံနိုင်မည့်ပုံလဲ မပေါ်ပါ။ စားချင်စိတ်လဲရှိမနေခဲ့။ ထို့ကြောင့် ကောင်လေး၏ လက်ရာများကို ငြင်းပယ်လိုက်မိသည်။

"ဟင့်အင်း...”

"ကျွန်တော်...ဘာလုပ်ပေး........”

"မလိုဘူး...”

"ဒီး...ဒီး....ဒီး....”

စားပွဲပေါ်တွင် တင်ထားသည့် ဖုန်းမှ Vibration သံကြောင့် သူ့လက်ထဲမှ စာအုပ်ပိတ်ကာ ဖုန်းကိုကောက်ကိုင်လိုက်သည်။ ဖုန်းမှာပေါ်နေသည်က ဦးသော်က ဆိုသည့် နာမည်ဖြစ်၏။

"ဟယ်လို....”

"..........................”

"အော်...”

"...................”

"အဲ့ဒီလိုလား...”

"....................”

"ကိစ္စမရှိဘူး...”

"....................”

"သူနဲ့လား....အဆင်ပြေပါ့မလား...”

"........”

"အင်းလေ အဲ့လိုပဲလုပ်ရမှာပေါ့....”

သူဖုန်းပြောနေရင်းနှင့် ကောင်လေးကို မော့ကြည့်လိုက်တော့ ကောင်လေးကသူ့ကို ပဟေဠိဆန်သည့် မျက်ဝန်းမျိုးဖြင့် ကြည့်နေခဲ့လေသည်။ သူဖုန်းပြောပြီးသည်နှင့် စာကြည့်မျက်မှန်ကို ခေါက်သိမ်းလိုက်ကာ ဗူးထဲထည့်နေရင်း ကောင်လေးကို မေးမြန်းလိုက်သည်။

"မင်း ဆိုင်ကယ်စီးတတ်သလား...”

ကောင်လေးက သူ့ဆီမှ စကားကို မည်မျှပင်မျှော်လင့်နေခဲ့သည်မသိ။ သူစကား စ လိုက်သည်နှင့် ခရားရေလွှတ်သကဲ့သို့ တတွတ်တွတ်ပြောလေတော့သည်။

Crocodile Tears (Complete)Where stories live. Discover now