Crocodile Tears ( Part -22)
ဇဝနသည် အိမ်သို့ ပြန်ခဲ့ပြီးနောက် ရေချိုး အဝတ်စားလဲကာ အမြန်ပြန်လာခဲ့လိုက်သည်။ မာမီအတွက် စွပ်ပြုတ်နှင့် အစာကြေလွယ်သည့် အစားအစာအချို့ကို ဝင်ဝယ်ခဲ့ပြီး ညနေစာ မစားရသေးသည့် အတာနှင့်သူ့အတွက်လဲ ဗိုက်ပြည့်မည့် အစားအစာအချို့ကို ဝယ်ယူခဲ့လိုက်လေသည်။
ဇဝန ဆေးရုံကို ပြန်ရောက်ချိန်၌ အတာနှင့် မာမီသည် ရယ်ရယ်မောမောနှင့် စကားပြောဆိုနေကြသည်ကို တွေ့ရလေ၏။
"ဟုတ်တယ်... သူက အဲ့လိုပဲ”
"ဘယ်သူက အဲ့လိုပဲလဲ မာမီ”
မာမီနှင့် အတာသည် သူ့အကြောင်း အတင်းပြေညနေပုံရသဖြင့် ဇဝနက မသိဟန်ဆောင်ကာ မေးမြန်းလိုက်လေသည်။
"ဇီဇာကြောင် လက်ပေါက်ကပ်တဲ့ မာမီ့သား အကြောင်းပေါ့”
ဒေါ်စောစန္ဒာက သူ့သားကို စနောက်လိုက်သော်လည်း ဇဝနက မည်သည့် တုန့်ပြန်မှုမှ မဆိုခဲ့ပေ။ သူပါလာသည့် ပစ္စည်းအချို့ကို နေရာချရန် ပြင်ဆင်နေခဲ့လေသည်။ အတာက ဇဝန လက်ထဲမှ အထုတ်အပိုးများကို ယူလိုက်ပြီးနောက် ကုတင်ဘေးမှ ထိုင်ခုံကို မေးဆတ်ပြလိုက်လေသည်။
"ကျွန်တော် လုပ်မယ်ဆရာ ဟိုမှာ ထိုင်ပြီး နားလိုက်ပါ”
"အင်း...”
ဒေါ်စောစန္ဒာ က သွက်လက် ချက်ခြာသည့် အတာ့ကိုကြည့်ကာ နှစ်နှစ်ခြိုက်ခြိုက် ပြုံးလိုက်တော့၏။
"အင်း သား သဘောတွေ့လဲ တွေ့စရာပဲ သားလေးက အလိုက်သိပြီး သွက်သွက်လက်လက် ရှိလိုက်တာ”
"ကျေးဇူးတင်ပါတယ် အန်တီ”
"သူက တော်ရုံ သဘောတွေ့တဲ့ သူမျိုးမဟုတ်ဘူး သားရေ.. သားလဲ မြင်မှာပါ ”
"ဟုတ်ကဲ့...”
ဒေါ်စောစန္ဒာက ဇဝနအရှေ့၌ပင် ဇဝနအကြောင်း ပြောနေသော်ငြား ဇဝနက ထိုင်ခုံတွင် ထိုင်လျက် Snow-tower နှင့် သူ့လက်များကို သုပ်နေခဲ့လေသည်။ သူက မည်သည့် စကားကိုမျှ မကြားသည့်ပုံစံနှင့်ပင်။
"ဇီဇာလဲ မတရားကြောင်တာ အဲ့တာကြောင့် အခုထိ လူပျိုကြီး ဖြစ်နေတာ သာကြည့် မိန်းမလဲ အန်တီပေးစားမှ ရမယ့်ပုံပါဘဲ”
YOU ARE READING
Crocodile Tears (Complete)
Romanceမိကျောင်းတစ်ကောင်ဟာ....ဘယ်တော့မှ မျက်ရည်မကျဘူး...။ တကယ်လို့ သူကမျက်ရည်ကျတယ် ဆိုရင်တော့.. အဲ့တာဟာ..ဟန်ဆောင်မျက်ရည်ပဲ ဖြစ်လိမ့်မယ်...။ မိကျောင်းတစ်ကောင်ဟာ....ဘယ်တော့မှ မျက်ရည်မကျဘူး...။ တကယ်လို့ သူကမျက်ရည်ကျတယ် ဆိုရင်တော့.. အဲ့တာဟာ..ဟန်ဆောင်မျက်ရည်ပဲ...