Crocodile Tears ( Part -19)

598 67 10
                                    

Crocodile Tears ( Part - 19)

ဇဝနသည် ကောင်လေး၏ အပြုအမူနှင့် ထိုစကားကြောင့် ကောင်လေးဘက်သို့ အလျင်အမြန် လှည့်လိုက်ကာ ကောင်လေး၏ ပခုံးနှစ်ဖက်ကို ဆုပ်ကိုင် လိုက်မိတော့သည်။

"ဘယ်.. ဘယ်လို”

ကောင်လေးက ဇဝန၏ မျက်ဝန်းများကို ရင်မဆိုင်ရဲသည့် ပုံဖြင့် ခေါင်းကို ငုံ့ထားခဲ့လေသည်။

"ကျွန်တော် နားလည်ပြီမို့ ဆရာ တောင်းဆိုတာကို လက် ခံ ပါ တယ်”

"ဘာကို လက်ခံတာလဲ”

ဆရာသည် သူပြောသည့် စကားကို နားမလည်သည့်အလား မေးခွန်းကိုသာ ဆက်၍ မေးနေခဲ့လေသည်။ ခါတိုင်းဆိုလျှင် ဆရာက စကားတစ်ခွန်းလောက်နှင့် နားလည်လွယ်သည့် လူမျိုး ဖြစ်သည်။ ယနေ့မှ ဆရာသည် ဘာကိုမှ နားမလည်သည့် ခပ်တုံးတုံး ပုံမျိုး ဘာကြောင့် ဖြစ်နေရပါသနည်း။

"ဟိုဟာလေ... ဟို....”

"ဘယ်ဟာလဲ...”

"အာ.. အဲ့ဒါ ဟိုဒင်း...”

"အင်း ဘယ်ဒင်း...”

ကောင်လေးသည် စကားကို ဝေ့ဝိုက်ပြောရင်း ရှက်ရွံ့နေပုံပင်။ မျက်နှာတစ်ခုလုံး နီရဲကာ မျက်လွှာများလဲ ချထားခဲ့သည်။ ကောင်လေးက ဘာကို ရည်ညွှန်းချင်မှန်း နားလည်မိသော်လည်း ထိုကောင်လေး၏ ရှက်ရွံ့နေမှုကို စနောက်ချင်လာသည်။ ထို့အတွက် တုံးအ ချင်ယောင်ဆောင်ကာ မေးခွန်းများကိုပဲ ဆက်တိုက်မေးမြန်း ခဲ့လိုက်ခြင်း ဖြစ်၏။

"ဟို ကျွန်တော်လေ....”

"အင်း...”

"ဆရာ့ရဲ့...”

"အင်း...”

"ဆရာ့ရဲ့.....”

"အင်း ဆက်ပြော”

"ဟိုဟာ...”

"ဘယ်ဟာ...”

ကောင်လေးက ထိုစကားကို ပြောထွက်ရန် အတော်ပင် အားယူနေရပုံ ရှိသည်။ နဖူးစပ်၌တောင် ချွေးစအနည်းငယ် ထွက်လာနေသည်ကို တွေ့လိုက်ရသည်။

မင်းအတွက် ဒီစကားလေးက အရမ်းခက်ခဲလို့လား။ အင်း ကိုယ် လောဘကြီးသလို ဖြစ်သွားလား။ ဒီတိုင်းလေး လက်ခံပေးလို့ရရဲ့သားနဲ့။

Crocodile Tears (Complete)Where stories live. Discover now