Crocodile Tears (Part- 11)
"I adore you....”
တဖျပ်ဖျပ်နှင့် တိုက်နေသော လေသံကြောင့် ကောင်လေးက သူ့စကားကို တိတိကျကျ ကြားလိုက်ပုံမပေါ်။
"ဗျာ... ဘာများလဲ ဆရာ...” ဟုလှည့်၍မေးမြန်းလာ သဖြင့် သူသက်ပြင်း လေးချလိုက်မိသည်။
"ရှေ့ကြည့်မောင်း.....”
"ဟုတ်ကဲ့...”
အစောပိုင်းကလို ထိတ်လန့်ခြင်း သိပ်မရှိတော့သည့် ဇဝနသည် ကောင်လေး၏ ဂန္ဓမာနံ့သင်းနေသော အကျီကော်လံစလေးအား ခပ်ဖွဖွတိုး၍ ထိလုထိခင် နမ်းလိုက်မိသည်။
ဂန္ဓမာပန်းရနံ့လေး အားတစတစ ခုံမင်နှစ်သက်လာစိတ်နှင့်အတူ ဂန္ဓမာပန်းရနံ့နှင့် ေကာင်လေးက်ုလဲ မြတ်နိုးကြင်နာစိတ်များ တဖြည်းဖြည်း ပိုလာမိပြီထင်သည်။
မြတ်နိုးတယ် ကောင်လေး.. ဆုံးရှုံးမသွားချင် လောက်အောင်အထိပေါ့။
.....................
"ဗြန်း..ဗြန်း...ဗြန်း.....”
ဇဝနသည် ကားဂိုထောင်ဖက်မှ အိမ်ထဲ လှမ်းဝင်လိုက်သည်နှင့် တဗြန်းဗြန်းနှင့် ကြားလိုက်ရသော အသံများကြောင့် မျက်မှောင်ကုပ် သွားမိသည်။ ရေသံတဝေါဝေါကလဲ ဆက်တိုက်ကြားနေရသည်မို့ ပို၍ပင် မျက်ခုံးများတွန့်ခေါက် သွားရပြန်သည်။ အသံကား ရေချိုးခန်းဆီမှ လာသည်ဖြစ်ပြီး နံရံထက်က တိုင်ကပ်နာရီက ၆နာရီ တိတိတွင် ညွှန်ပြနေခဲ့၏။
"ရူးနေတာလား သူ...”
ပြင်စာဆောင်း၏ ညနေ ၆ နာရီကား ရေချိုးကောင်းသည့် အချိန်ကောင်းမဟုတ်တာ ဇဝန သိသည်။ ဇဝန ခပ်သွက်သွက်ပင် ရေချိုးခန်း တံခါးဝဆီ ရောက်လာခဲ့ပြီး အခန်း တံခါးကို ခပ်ပြင်းပြင်း ခေါက်လိုက်မိတော့၏။
"ဒေါက်...ဒေါက်.... ဒေါက်.. ဒေါက်...”
"ခဏလေး ဆရာ ပြီးတော့မယ်... ခဏလေးပဲ”
ကောင်လေးဆီမှာ ခပ်သွက်သွက် ပြန်ဖြေသံကြားလိုက်ရသည်။ သို့သော် ကောင်လေးအသံက တစ်မျိုးဖြစ် နေခဲ့သည်ကိုတော့ သူအတပ်ပင်သိလိုက်၏။
"ကောင်လေး တံခါးဖွင့်စမ်း...”
"အာ... ခဏလေးပါ ဆရာ အခုဖွင့်လိုက်ရင် ဆရာ့ကို ရေဆိုကုန်မယ်...”
YOU ARE READING
Crocodile Tears (Complete)
Romanceမိကျောင်းတစ်ကောင်ဟာ....ဘယ်တော့မှ မျက်ရည်မကျဘူး...။ တကယ်လို့ သူကမျက်ရည်ကျတယ် ဆိုရင်တော့.. အဲ့တာဟာ..ဟန်ဆောင်မျက်ရည်ပဲ ဖြစ်လိမ့်မယ်...။ မိကျောင်းတစ်ကောင်ဟာ....ဘယ်တော့မှ မျက်ရည်မကျဘူး...။ တကယ်လို့ သူကမျက်ရည်ကျတယ် ဆိုရင်တော့.. အဲ့တာဟာ..ဟန်ဆောင်မျက်ရည်ပဲ...