Crocodile Tears ( Part -20)

652 65 5
                                    

Crocodile Tears ( Part - 20)

"ခဏ ကိုယ် ဖုန်းကိုင်အုံးမယ်"

ဇဝန ဧည့်ခန်းထဲ ထွက်လာပြီး ဖုန်းကိုကိုင်လိုက်တော့ မာမီ့ ဆီမှ ဖုန်းဖြစ်နေကြောင်း တွေ့လိုက်ရသည်။

"ဟယ်လို မာမီ"

"သားဘယ်တော့ပြန်လာမလဲသား..."

"မနက်ဖန်ပဲ မာမီ"

"အင်းအင်း ပြီးရော မနက်ဖန် သားအခန်းကို မာမီ လိုက်ကာအသစ် အိပ်ယာခင်း အသစ်တွေ လဲထားပေးမယ်.. "

"အော် ဒါနဲ့ မာမီ အလုပ်သမား တစ်ယောက်လောက် ထပ်ရှာလိုက်ပါလား မာမီ"

"ဘာအတွက်လဲ သားရဲ့ မလိုဘူးလေ"

"ဒီ ပြင်စာခြံအတွက်ပါ"

"အယ် ဦးသော်က တူလေးက ဘာဖြစ်လို့လဲ သူက အလုပ်ထွက်တော့ မလို့လား"

"မဟုတ်ဘူး မာမီ သားသူ့ကို သဘောကျလို့ သားနားမှာ ခေါ်ထားမလို့ အဲ့တာကြောင့်"

"အမယ် မာမီ့သားက သဘောကျတဲ့သူ ခပ်ရှားရှားကို မာမီတော့ အဲ့ကလေးကို စိတ်ဝင်စားပြီ ဘယ်လောက်များ တိကျသပ်ရပ်တဲ့ ကလေးဖြစ်မလဲပဲ"

"အဟင်း ဟုတ်တယ် မာမီ သူက အရမ်းတော်တဲ့ ကလေးပါ"

"ကောင်းပါတယ် သားအဖော်ရတာပေါ့"

"ဟုတ်ကဲ့ မာမီ"

"အား... ကျွတ် ကျွတ်...."

"ဟင်.. မာမီ ဘာဖြစ်တာလဲ"

"အင်း ဗိုက်ထဲက နာလို့ပါ"

"မသက်သာဘူးလား မာမီ ခဏခဏ ဖြစ်နေတာ မကောင်းဘူးနော်"

"အင်း သားပြန်လာမှ မာမီ ဆေးခန်းပြလိုက်မယ်"

"ဆေးခန်းမပြနဲ့ Medical check up လုပ်ရမယ်"

"အမယ်လေး မင်း မာမီက ကျန်းမာ ပြီးသား"

"ဟုတ်ပါပြီဗျာ.. Good Night မာမီ"

"Good Night သား"

မာမီနှင့် ဖုန်းပြောပြီးချိန်၌ ကောင်လေးက မီးလင်းဖိုထဲသို့ ထင်းများ ပြစ်ထည့်နေခဲ့သည်။

"အလုပ်ပြီးပြီလား"

"ဟုတ်ကဲ့ ဆရာ"

"ဒါဆို နားတော့"

Crocodile Tears (Complete)Where stories live. Discover now