Crocodile Tears ( Part- 27)

522 60 8
                                    

Crocodile Tears ( Part -27)

"သားငယ်... ခဏ”

ဒေါ်စောစန္ဒာ သည် အခန်းတံခါးဖွင့်ကာ ထွက်သွားတော့ မည့်ဆဲဆဲ ဖြစ်သည့် အတာ့ကို လှမ်းခေါ်လိုက် သဖြင့် အတာ သူမအနားသို့ ပြန်လျှောက်လာခဲ့ လိုက်သည်။

"ဟုတ်ကဲ့ အန်တီကြီး”

"ဒီနေ့ အန်တီ့ကို ညအိပ်စောင့်ပေး နိုင်မလားဟင်... မနက်ဖန် ဆေးစသွင်းမှာ ဆိုတော့ အိပ်မပျော်မှာ စိုးလို့ပါ အန်တီ့နား သားငယ်ရှိနေရင် အိပ်ပျော်မလားလို့လေ...”

အန်တီကြီး၏ ပြောစကားကြောင့် အတာ ပြုံးပြရင်း ခေါင်းငြိမ့် လိုက်မိသည်။ ဘာကြောင့် ဟု ရိပ်စားမိသော်လည်း အန်တီကြီး၏ တောင်းဆိုမှုကို သူမငြင်းဆန်နိုင်ပေ။ အိပ်မပျော်ခြင်းနှင့် ဆေးသွင်းရန် ရှိခြင်းအတွက် ဒီညအတွက် စောင့်အိပ်ပေးရခြင်း ဖြစ်ဟန်မတူ။ သွယ်ဝိုက်သည့် စကားလုံးများ အောက်တွင် တားမြစ်လိုက်သည့် သဘောထားများက အထင်းသားပင် ပေါ်လွင်နေပေသည်။

"ရပါတယ် အန်တီကြီး ကျွန်တော် ဒီည စောင့်အိပ်ပေးမယ်နော်...”

"ကျေးဇူးပါပဲ သားရယ်”

"မဟုတ်တာ ကျွန်တော် လုပ်ပေးသင့်တဲ့အရာပါ”

ထိုအချိန်တွင် ဇဝနက အခန်းထဲ ဝင်လာခဲ့ပြီး ဒေါ်စောစန္ဒာ အား နှုတ်ဆက်လိုက်လေသည်။

"မာမီ နေရထိုင်ရ သက်သာရဲ့လား”

"သက်သာပါတယ် သားရဲ့ ဒါနဲ့ မနက်ကမှ မင်္ဂလာ ဆောင်ထားတဲ့ သတို့သား အသစ်ဆက်ဆက်က ဆေးရုံကို ဘာလာ လုပ်တာတုန်း”

"မာမီ့ကို လာစောင့်အိပ်တာလေ”

"မလိုပါဘူး မင်းမိန်းမဆီပဲ ပြန်လိုက်ပါ သားရယ်”

"ကျွန်တော် မာမီ့နား နေပေးချင်လို့လေ မနက်ဖန် မာမီဆေးသွင်းရမှာကို ဘယ်လိုလုပ် တစ်ယောက်ထဲ ထားရက်မှာလဲ”

"တစ်ယောက်ထဲ မဟုတ်ပါဘူး ဟော့ဒီ့က သားငယ်လေးက မာမီ့ကို စောင့်အိပ်ပေးမှာ...”

မာမီ့ စကားကြောင့် ဇဝန ကောင်လေးကို လှမ်းကြည့်လိုက်တော့ ကောင်လေးက သူ့ကို ပြုံးပြသည်။

Crocodile Tears (Complete)Where stories live. Discover now