Crocodile Tears (Part - 24)

539 63 2
                                    

Crocodile Tears ( Part - 24)

"Gastric Cancer ,Stage lll C ဟုတ်လားဒေါက်တာ"

"ဟုတ်ပါတယ် အန်တီဒေါ်စောစန္ဒာ ရဲ့ Endoscopic Biopsy result အရ အဲ့လိုတွေ့ရပါတယ် ဒီအဆင့်မှာ ကင်ဆာက အစာအိမ် အပြင်ဘက်ဆုံး ကြွက်သားနံရံ အနီးတဝိုက်က ပြန်ရည်ကျိတ် ၉ ခုထိ ပြန့်နေတာမျိုး၊ အနီးတဝိုက်အင်္ဂါတွေဆီ ပြန့်နေတဲ့ လက္ခဏာမျိုးတွေ့ရတယ်"

ဇဝန လက်သီးကို တင်းတင်း ဆုပ်ထားမိသည်။

ကင်ဆာတဲ့လား။ Stage lll C တဲ့လား

"မာမီ့အတွက် အကောင်းဆုံး ကုသမှု လုပ်ပေးချင်ပါတယ် ဒေါက်တာ "

"ကျွန်တော်တို့ အကောင်းဆုံး ကြိုးစားပေးသွားမှာပါ"

"ဟုတ်ကဲ့"

"အရင်ဆုံး ကိုဇဝနကို ကုသမှုရဲ့ အစီအစဥ်တချို့ တဝက်ကို ရှင်းပြ​ပေးပါမယ် အန်တီဒေါ်စောစန္ဒာရဲ့ ကင်ဆာ ဆဲလ် အခြေအနေအရ ကျွန်တော်တို့ ခွဲစိတ်ကုသပြီး ဆဲလ်တွေကို ဖယ်ရှားဖို့ဆိုတာ မဆင်မပြေတဲ့ ကုထုံးတစ်ခု ဖြစ်နိုင်တာမို့ ကျွန်တော်ကတော့ ဆေးသွင်းကုသခြင်းနဲ့ Targeted Therapies ကအကောင်းဆုံးဖြစ်တယ်လို့ မြင်ပါတယ်...

ဆေးသွင်း ကုသတဲ့နည်းက ကင်ဆာဆဲလ်တွေကို ပြန့်မသွားစေဖို့ ဆေးရည်သွင်းပြီး သတ်ပစ်တဲ့ကုသနည်းပါ... ဒီနည်းက ကင်ဆာဆဲလ်တွေကို အလွယ်တကူ ဖယ်ရှားနိုင်စေဖို့ အထောက်အပံ့ပေးပါတယ်...

Targeted Therapies ဒီကုထုံးကတော့ ကင်ဆာဆဲလ်တွေကို ပစ်မှတ်ထားပြီး ကင်ဆာဆဲလ်တွေရဲ့ကြီးထွားမှုကို ဟန့်တားပေးတာ ဒါမှမဟုတ် ကင်ဆာဆဲလ်တွေကို ဖျက်ဆီးပေးတဲ့ကုထုံးပါ...

ဆေးသွင်းကုသမှုကို တစ်မျိုးတည်း သုံးတာရှိပေမယ့် အန်တီ့အတွက်ကတော့ Targeted Therapies နဲ့ တွဲသုံးပြီး ကုသရပါလိမ့်မယ်...

ကျွန်တော်တို့ အစွမ်းကုန် ကုသပေးပါမယ် ရာခိုင်နှုန်းကတော့.... နည်းပါးပေမယ့်ပေါ့"

(Targeted Therapies - ကင်ဆာဆဲလ်တွေကို ပြစ်မှတ်ထား ဖျက်ဆီးပစ်တဲ့ ကုထုံး)

...............................

ဒေါက်တာ့ ဆီမှ အပြန်တွင်​​ ဇဝန၏ ခြေလှမ်းများက လေးကန်နေခဲ့သည်။ မာမီ့ အခန်းထဲ မသွားဖြစ် သေးပဲ အခန်းဝရှိ ထိုင်ခုံတွင် ဝင်ထိုင်လိုက်မိသည်။ နာကျင်ဝမ်းနည်းမှု နှင့်အတူ မိမိကိုယ်ကိုယ် အပြစ်တင် နေမိသည်။

Crocodile Tears (Complete)Where stories live. Discover now