Crocodile Tears (Part-Part12)
"ဆရာ မှာထားတာလေးတွေပါ... ဒါနဲ့ အတာမရှိလို့လား ဆရာ အစားအသောက်တွေ အပြင်က မှာစား နေတာဆိုတော့... ပြီးတော့ လူမမာစာတွေချည်းပဲ.. ဆရာနေများ မကောင်းလို့လား...
"အာ... အများကြီး မမေးနဲ့ဗျာ ဦးသော်က ပြန်လို့ရပြီ
ဇဝန၏ ပြတ်သားလှသော စကားကြောင့် ဦးသောက မည်သည့်စကားမှ မဆိုတော့ပဲ ထွက်သွားလေတော့သည်။
ဇဝနသည် လက်ထဲရောက်လာသည့် ဆန်ပြုတ်ထုတ် နှင့် ကြက်ပေါင်းရည်ကို မြှောက်ကြည့်လိုက်ပြီး သက်ပြင်းချလိုက်မိသည်။
"ဟင်း......
မိမိကိုယ်ကို ပြည့်စုံလှပြီဟု တွေးမှတ်ထားခဲ့သော ဇဝနသည် ယနေ့မှ မိမိမှာ လိုအပ်ချက်များ လွန်းသေးကြောင်း သဘောပေါက်သွားမိသည်။
သူ့ဘဝတလျှောက် မာမီ့၏ ပြုစုယုယမှုအောက်တွင် လိုလေးသေးမရှိ ပြည့်စုံစွာ နေနိုင်ခဲ့ခြင်းကို မိမိကိုယ်တိုင် တော်လှပြီဟု လွဲမှားစွာ ခံယူထားမိသည်လေ။
ကောင်လေး ဖျားနာနေချိန်မှ သူသိလိုက်သည်က ဇဝနဆိုသည့် အဘက်ဘက်မှ ပြည့်စုံလှပါသည်ဆိုသောသူက ဆန်ပြုတ်လေးတောင် ဖြစ်မြောက်အောင် မတည်တတ်သူဖြစ်မှန်း သိခဲ့ရတော့သည်။
ထိုစဉ် တိုင်ကပ် နာရီမှ တဒင်ဒင် မြည်သံကြောင့် ကောင်လေးကို ဆေးတိုက်ရန် ကောင်လေးအခန်းထဲ ဝင်ခဲ့လိုက်တော့၏။
ကောင်လေးသည် ကုတင်ထက်တွင် ခပ်ကွေးကွေးလေး အိပ်ပျော်နေပြီး သူ့နှုတ်ခမ်းစွန်းတွင် ညာဘက်လက်မလေးကို နှုတ်ခမ်းဖျားလေးထဲထည့်ငုံထားသည်။ အပူအပင်ကင်းသည့် ကလေးငယ်လေး တစ်ယောက်လို ရိုးရှင်းလှသည်။
ဇဝန၏ မျက်ဝန်းများသည် နူးညံ့သိမ်မွေ့လွန်းကာ ကောင်လေးကို မြတ်နိုးစွာကြည့်နေမိသည်။ နှုတ်ခမ်းစွန်းလေး တွန့်ရုံမျှ အပြုံးနှင့်။ မြတ်နိုးမှုများစွာ ဖြာထွက်နေသော သူ့စိတ်နှလုံး၏ ခိုင်းစေမှု့ကြောင့် ထင်သည်။ ဇဝန၏ လက်ဖဝါးသည် ကောင်လေး၏ ပါးပြင်ခပ်ရဲရဲဆီသို့ တရွေ့ရွေ့ သွားနေမိသည်။
သို့သော် သူ့လက်များက ကောင်လေး၏ ပါးမို့ရဲရဲလေးဆီ မရောက်ခင်မှာပင် ရပ်တန့်သွားခဲ့ရတော့သည်။ အကြောင်းမှာ ကောင်လေး၏ မျက်ဝန်းများသည် ခပ်ဟဟ ပွင့်လာခဲ့သောကြောင့်ပင်။
YOU ARE READING
Crocodile Tears (Complete)
Romanceမိကျောင်းတစ်ကောင်ဟာ....ဘယ်တော့မှ မျက်ရည်မကျဘူး...။ တကယ်လို့ သူကမျက်ရည်ကျတယ် ဆိုရင်တော့.. အဲ့တာဟာ..ဟန်ဆောင်မျက်ရည်ပဲ ဖြစ်လိမ့်မယ်...။ မိကျောင်းတစ်ကောင်ဟာ....ဘယ်တော့မှ မျက်ရည်မကျဘူး...။ တကယ်လို့ သူကမျက်ရည်ကျတယ် ဆိုရင်တော့.. အဲ့တာဟာ..ဟန်ဆောင်မျက်ရည်ပဲ...