Crocodile Tears ( Part -38)

677 40 6
                                    

Crocodile Tears ( Part - 38)

နောက်တစ်နေ့ နေ့လည် ၂ နာရီခန့် အချိန်၌ ဇဝနသည် ကျောက်ဆည်မှ လုပ်ငန်းများ အားလုံးကို အပြီးသတ်ကာ ပြင်စာသို့ ချက်ခြင်း ပြန်ခဲ့လိုက်တော့သည်။

အိမ်ပြန်ရောက်ရောက်ခြင်း တိတ်ဆိတ်နေသည့်  အတွက် ဇဝန မျက်မှောင်ကုပ်၍ တွေးလိုက်မိသည်။

ဘယ်သွားနေကြပါလိမ့်။

စားဖိုဆောင်ဘက်နှင့် ဧည့်ခန်းတွင်လည်း မည်သူမှ ရှိမနေခဲ့။ ထို့အတွက် ခြံထဲတွင် ရောက်နေကြသည် အထင်နှင့် ခြံအနှံ့ကို ပတ်၍ ရှာကြည့်မိသည်။

မရှိကြဘူးဘဲ။

ခြံထဲ၌လည်း မည်သူမှ ရှိမနေသဖြင့် ဇဝနသည် အိမ်ထဲသို့ ပြန်၍ ဝင်ခဲ့လိုက်တော့သည်။

ဘာလို့ မူမမှန်သလို ခံစားနေရတာလဲ။

ဇဝန ရင်ထဲ ထိတ်ခနဲ ဖြစ်သွားရပြီးနောက် ကောင်လေး၏ အခန်းထဲ ပြေးဝင်၍ ကြည့်မိလိုက်တော့သည်။

ကောင်လေးအခန်းထဲရှိ အိပ်ရာခင်းသည် ပြန့်ပြူးနေခဲ့ပြီး ညကတည်းကပင် အိပ်စက်ထားသည့်ပုံ မတွေ့ရပေ။

ဇဝန ခပ်သွက်သွက်နှင့် အဝတ်ဗီရိုကို ဖွင်းကြည့်လိုက်သောအခါ ဗလာနတ္ထိဖြစ်နေသည့် အဝတ်ဗီရိုကိုသာ တွေ့လိုက်ရတော့၏။

ဇဝန၏ နဖူးစပ်မှချွေးများ စီးကျ လာခဲ့ပြီး ခေါင်းကို တွင်တွင် ခါရမ်း လိုက်မိသည်။ ထို့နောက် အိပ်ခန်းနောက်တစ်ခန်း ထဲတွင် စိမ့်၏ အဝတ်အစားအသုံးအဆောင် ပစ္စည်းများ ရှိနေသလား ဟူသောအတွေးနှင့် ရှာဖွေ ကြည့်မိပြန်သည်။

ရှိနေပါစေဟု သူအကြိမ်ကြိမ် ဆုတောင်းမိသော်လည်း သူ့ဆုတောင်းကို ဘုရားသခင်က ကြားဟန် မရှိခဲ့ပေ။

ထိုအခြေအနေသည် မည်သို့သော အခြေအနေဖြစ်ကြောင်း လက်ခံနိုင်စွမ်း မရှိသည့် အတွက် ကောင်လေး၏ အခန်းထဲ နောက်တစ်ကြိမ် ပြေးဝင်၍ ရှာဖွေကြည့်မိပြန်သည်။ သို့သော်လည်း ရလဒ်ကတော့ ပြောင်းလဲ၍ မသွားခဲ့ပေ။ အခန်းထဲရှိ အရာအားလုံးသည် လူသူကင်းမဲ့၍ အသုံးအဆောင်များ ဗလာနတ္ထိနှင့်။

သို့သော် ယခု တကြိမ်တွင်တော့ ဇဝနသည် ကုတင်ဘေးမှ စားပွဲပေါ်တွင် ပန်းအိုးနှင့် ဖိထားသည့် စာရွက်ပိုင်း တစ်ရွက်ကို ယခုမှ မြင်တွေ့လိုက်ရတော့သည်။ ဇဝနလည်း ထိုစာရွက်လေးအား တုန်ရင်နေသည့် လက်ဖြင့် လှမ်းယူ၍ ဖတ်ကြည့်လိုက်ပြီးနောက် ဇဝန လက်ထဲမှ ကြမ်းပြင်ပေါ်သို့ ပြုတ်ကျ သွားခဲ့လေတော့၏။

Crocodile Tears (Complete)Where stories live. Discover now