Crocodile Tears ( Part- 14)

613 76 14
                                    

.Crocodile Tears (Part - 14)

မနက်၈ နာရီ၏ နေရောင်ဖျဖျ အောက်တွင် ဇဝနသည် Dream- Bed ပေါ် ခြေဆင်းထိုင်ရင်း နေစာလှုံနေ၏။ သူ့နံဘေးတွင် အဖြူရောင်ကြွေခွက် နှင့်ထည့်ထားသည့် ခပ်နွေးနွေးကော်ဖီတစ်ခွက်၊ ကြက်ဥ Half-Fryကို အပေါ်ယံမှ အုပ်တင်ကာ အလှဆင်ထားသည့် ခေါက်ဆွဲကြော်တစ်ပန်းကန် အသင့်ရှိနေသည်။ ဇဝနက ထိုမနက်စာ နွေးနွေးကို လှည့်ပင်မကြည့်သေးပဲ မိမိ၏​ခြေဆင်းထားသော ပေါင်ပေါ်တွင် တင်၍ အသုံးပြုနေသည့် Laptopဆီ၌သာ အာရုံရောက်နေခဲ့လေသည်။

"ဆရာ..... မနက်စာ စားလိုက်ပါအုံး ပူပူနွေးနွေး လေးစားတော့ ပိုစားလို့ ကောင်းတယ်ဆရာရဲ့ အေးသွားရင် ရင်ထဲတောင့်ပြီး အစာမကြေဖြစ်မယ်..."

"ကောင်းပြီ..."

ဇဝနက လုပ်လက်စ အလုပ်တို့ကို ရပ်နားပြီး Laptop ကိုပိတ်လိုက်ကာ မနက်စာစားရန် ပြင်လိုက်တော့သည်။ သူမစားလျှင် ကောင်လေး ဘေးနားတွင်ရပ်ရင်း အမေက ပြောဖူးတယ် ဆိုသော စကားကို အစချီကာ နားပူအောင်ပြောတော့မည်လေ။

ထိုကောင်လေးသည် တစ်မျိုးတော့တစ်မျိုးပင်။ တခါတရံ သူ့ကိုနေရင်းထိုင်ရင်းနှင့်ပင် ကြောက်ရွံ့ဟန် ဖြစ်နေတတ်ပြီး တခါတရံတွင်တော့ သူပြောချင်ရာ စွတ်ပြောကာ ဆရာလုပ်နေတတ်ပြန်သူပင်။

ထိုသို့သော ဆရာလုပ်တတ်သည့် အခါမျိုးတွင် သူ့ပုံစံလေးက သူ့ကိုယ်သူယုံကြည်ချက် အပြည့်ရှိနေသည့် ကျောင်းဆရာပေါက်စ ပုံမျိုးနှင့်။ ချစ်စရာကောင်းသလို စကားလဲ အင်မတန်များလွန်းကာ စကားတတ်စ သာလိကာလေးတစ်ကောင်နှယ် နားပူနားစာ လုပ်လွန်းသည်လေ။ သို့ပေသိ ထိုအချက်ကပင် သူ့ရင်ထဲ တစတစ တိုးဝင်လာခဲ့ရသည့် အကြောင်းအရာထဲက တစ်ခု ဖြစ်ဟန်တူ၏။

ကောင်လေး စကားတစ်ခွန်းအတွက် ဇဝန၏ လိုက်လျောမှုသည် ၁၀၀ ရာခိုင်နှုန်းကိုကျော်ကာ ၁၀၀ ရာခိုင်နှုန်းအထက်သို့ပင် တက်သွားသည် ထင်ရပေသည်။ လုပ်လက်စ အားလုံးကို ရပ်နားကာ ခေါက်ဆွဲပန်းကန်အား လှမ်းယူလိုက်တော့၏။ ထို့နောက် ဇွန်းဖျားလေးနှင့် ကြက်ဥကြော် အနည်းငယ်ကို ဖဲ့လိုက်လေသည်။

Crocodile Tears (Complete)Where stories live. Discover now