Crocodile Tears ( Part -37)

550 38 2
                                    

Crocodile Tears ( Part - 37)

အတာသည် ကားမှန်မှ တဆင့် မြင်နေရသည့် ဘေးဘီဝဲယာ ပတ်ဝန်းကျင်ကို ငေးကြည့်နေမိသည်။ လူက ကားထဲ ရှိနေသော်လည်း သူ၏ စိတ်အစဥ်မှာ နယ်ပယ်မျိုးစုံဆီ ပျံ့လွင့် လျက်ရှိသည်။

"ကောင်လေး...”

"ဗျာ...”

"အိမ်ပြန်ရောက်ပြီ...”

"ဟုတ်...”

အတာ ကားတံခါးဖွင့် ပြီးဆင်းသွားတော့ စိတ်နှင်လူ မကပ်ဖြစ်နေသည့် အတာ့ပုံစံကို ဇဝန ရိပ်စားမိသည်။ ကောင်လေးသည် သူ့အနီးအနားတွင် ရှိနေသော်လည်း တစတစနှင့် ပို၍ ဝေးသွားသလို ခံစားနေရသည်။ ဟိုးအရင်က ပြုံးရွှင် သွက်လက်နေတတ်သည့် ကောင်လေးသည် ယခုမူ သံပတ်ပေးထားသည့် စက်ရုပ်ကလေး တစ်ရုပ်လို ဖြစ်နေသည်။

"ဟင်း...”

ဇဝန လေးလံစိတ်နှင့် သက်ပြင်းချမိသည်။ ဟိုတစ်ချိန်က ကောင်လေးကို ပြန်လည် တွေ့ရှိရန် သူမည်သို့ ကြိုးစားရမည်နည်း။ တိတ်ဆိတ်ငြိမ်သက်တတ်သည့် ယခု ကောင်လေးအစား ရိုးသားပွင့်လင်းပြီး အမြဲတစေ ပြုံးနေတတ်သည့် ဟိုအရင် ကောင်လေးကို သူလွမ်းမိသည်။ ထိုကောင်လေးကို ပြန်ရရန် အတွက် မည်သည့် နည်းလမ်းကို အသုံးပြုရမည်မှန်း သူသေချာ မသိတော့ပေ။

ဇဝန ကားကို ဂိုထောင်ထဲ သိမ်းလိုက်ပြီး အိမ်ထဲ ဝင်ခဲ့ချိန်၌ အတာက သူ့အခန်းထဲသို့ ဝင်သွားခဲ့ပြီ ဖြစ်သည်။ စိမ့်ကတော့ ထုံးစံအတိုင်း အိမ်ရှေ့ဆိုဖာပေါ်တွင် ခေါင်းအုံးတစ်လုံးကို ပိုက်၍ TV ထိုင်ကြည့်နေသည်ကို တွေ့ရသည်။

"စိမ့် မင်း ပစ္စည်းတွေ စ သိမ်းထားတော့”

".....”

"အဲ့ဒီတိုက်ခန်းကို ငါအပိုင်ပေးလိုက်မှာမို့လို့ အိမ်ထဲက မင်းလိုချင်တဲ့ ပစ္စည်း ရှိရင် တခါတည်း ယူသွားပါ”

"ဆရာက အရမ်းသဘောကောင်း နေတယ်ပေါ့”

"ပြီးရင် အဲ့ဒီနေ့ကစပြီး ငါတို့ စာချုပ်ကိုလဲ ဖြတ်သိမ်းပါမယ်”

"ဟင်... ဆယ့်သုံးရက်ကျော် လိုသေးတယ်လေ ဆရာ...”

"ရတယ် ရက်ပြည့်စရာ မလိုဘူး”

Crocodile Tears (Complete)Where stories live. Discover now