Crocodile Tears ( Part - 31)

505 49 10
                                    

Crocodile Tears ( Part - 31)

"အတာ...”

"အင်း... ပြောလေ မစိမ့်...”

"ဒီနေ့ စိမ့် ရှမ်းခေါက်ဆွဲ စားချင်တယ်...”

"ဟုတ်ပါပြီဗျာ... ကျွန်တော် လုပ်ပေးပါ့မယ်”

အတာသည် စားပွဲပေါ် မေးထောက်ရင်း သူအလုပ်လုပ်နေသည်ကို ဘေးနားမှ စကားတတွတ်တွတ် ထိုင်ပြောနေသည့် စိမ့်အား စောင်းငဲ့ကြည့်ရင်း ပြုံးပြလိုက်မိသည်။

စိမ့်... မစိမ့်...။

သူ့ထက် လေးနှစ် သာကြီးသည့် အမျိုးသမီးတစ်ယောက်။ သွက်လက်ချက်ခြာပြီး လှပသည်။ ပထမအကြိမ် တွေ့စကပင် သူမ၏ ပုံပန်းသဏ္ဍန်ကို ငေးမောကြည့်မိကြောင်း ဝန်ခံချင်သည်။

အချိန်ပေါင်းများစွာ လပေါင်းများစွာ အနီးကပ် အတူနေခွင့် ရလာသော အခါ သူမ၏ ချစ်စဖွယ် ကောင်းသော သွက်လက်သည့် ပုံစံကပင် ပို၍ ရင်းနှီးလွယ်စေသည့် အကြောင်းအချက် ဖြစ်ကြောင်း သိရှိလာရတော့သည်။

"ဘာကြည့်နေတာလဲ... အတာ”

"အော်... ဘာမှမဟုတ်ပါဘူး...”

စိမ့်၏ အမေးကြောင့် အတာ ချက်ခြင်း မျက်နှာ လွှဲလိုက်ကာ ထိုနေရာမှ ထရပ် လိုက်မိတော့၏။ စိမ့်က ပြုံးလိုက်ပြီး ထ ထွက်သွားသည့် အတာ၏ လက်တစ်ဘက်ကို လှမ်းဆွဲ၍ တားလိုက်လေသည်။

"အတာ.... နင်မ Gay ဘူးမို့လား...”

"ဟင်... ဘာကို...”

"ဟိုနေ့ကလေ... နင်ပြောခဲ့တာ ငါမမေ့သေးဘူး”

အတာ မျက်နှာ အနည်းငယ် ပျက်ယွင်းသွားရသည်။ ထိုအကြောင်းအရာသည် ထိုနေရာ၌ပင် ပြီးဆုံး ခဲ့သည်ဟု ထင်မိသော်လည်း ယနေ့တွင်မူ တဖန် ပြန်ပေါ်လာခဲ့ ပြန်လေပြီ။

.........................

လွန်ခဲ့သော ငါးလ ခန့်က မင်္ဂလာ ပွဲ မကျင်းပမီ သတို့သမီး၏ အခန်းသို့ စိန်တဆင်စာ သွားရောက် ပို့ဆောင်ပေးခဲ့သည့် နေ့တွင် အတာ့ကို စိမ့်က စကားတစ်ခွန်း မေးခဲ့ဖူးသည်။

"ခဏလေး အတာ... ငါမင်းကို မေးစရာလေးရှိတယ်”

"ဟုတ် မစိမ့်... ပြောပါ”

Crocodile Tears (Complete)Where stories live. Discover now