Crocodile Tears (Part -34)

536 35 36
                                    

Crocodile Tears ( Part - 34)

"အတာ... စိမ့် မေးချင်လို့... ရလား"

စိမ့်က အတာ့ ရင်ခွင်ထဲ မှ TV ထိုင်ကြည့်နေရင်း စကားဆိုလာသဖြင့် ပျားလိမ္မော် အခွံနွှာနေသည့် အတာက ခေါင်းငြိမ့်ပြလိုက်သည်။

"အတာ့ကို မင်္ဂလာ မဆောင်ခင်တုန်းက မေးဖူးတာ မှတ်မိသေးတယ် မို့လား ..."

"Gay ဟုတ်လား ဆိုတာလား..."

"အင်း... အဲ့ဒီတုန်းက မဟုတ်ဘူးလို့ ငြင်းခဲ့ပေမယ့် အခုလည်း ထပ်မေးချင်လို့... အတာက တကယ်ပဲ Gay မဟုတ်ဘူးလား..."

အတာက တစ်ချက်ပြုံးလိုက်ပြီး အခွံနွှာပြီးသား ပျားလိမ္မော်အား အနည်းငယ် ခွဲ၍ စိမ့်ကို ခွံကျွေးလိုက်လေသည်။

"ထပ်ဖြေရရင်... ကျွန်တော် မ Gay ပါဘူး မစိမ့်... အစကတည်းကရော အခုရော လုံးဝ မGayဘူးလို့ ပြောရမှာပါဘဲ... "

"ဦးဇဝန ရဲ့ တသီးတသန့် အချစ်ခံရတာတောင်မှလား"

"အချစ်ခံရတာ နဲ့ပဲ ပြန်ချစ်လို့ ရမယ်လို့ ထင်သလားဟင်..."

"ဦးဇဝန ရဲ့ ဂရုစိုက်မှုတွေကို နည်းနည်းလေးမှ ရင်မခုန်ခဲ့ဖူးဘူးလား"

"အမှန်အတိုင်း ပြောရရင် ရင်မခုန်ခဲ့ဖူးဘူး... ဒါပေမယ့် ကိုယ့်အပေါ်မှာ လေးလေးနက်နက် ချစ်တာ ခံရတာဟာ လုံခြုံ နွေးထွေးမှု ဖြစ်စေတာတော့ အမှန်ပဲ..."

အတာက ပျားလိမ္မော် တစ်လုံး ကုန်သည်အထိ နည်းနည်းချင်း ဖဲ့ကျွေးလိုက်ပြီး ကုန်သွားချိန်၌ စိမ့်၏ ဆံနွယ်လေးများကို တစ်ချက် နမ်းရှိုက် လိုက်လေသည်။

"စားအုံးမလား ထပ်ခွာပေးမယ်..."

"အွန်း..."

အတာ ပျားလိမ္မော် နောက်တစ်လုံးကို လှမ်းယူ၍ ခွာလိုက်ချိန်၌ စိမ့်က မျက်မှောင်အနည်းငယ် ကုပ်ကာ စဥ်းစားဟန်ပြု၍ ထပ်မံမေးလာပြန်လေသည်။

"ဒါပေမယ့်လဲ လက်ခံခဲ့တယ် မို့လား..."

"အင်း လက်ခံသလောက် နီးနီးပါဘဲ..."

"ဘာလို့လဲ..."

"ကိုယ် မဆင်းရဲ ချင်လို့... မပြည့်မစုံ ဖြစ်တဲ့ ဘဝကို ထပ်မရောက်ချင်လို့ ပြီးတော့ ကျေးဇူးတရားရှိနေလို့..."

Crocodile Tears (Complete)Où les histoires vivent. Découvrez maintenant