Crocodile Tears (Part-10)

900 89 17
                                    

Crocodile Tears (Part-10)

"ဆရာ့ လက်ကိုနည်းနည်းလောက် လျော့ပြီးဖက်ပေးပါလားဗျာ ကျွန်တော် ဗိုက်ပါအောင့်လာလို့...”

"ဟင်....”

ကောင်လေးစကားကြောင့် သူတင်းတင်းဖက် ထားမိသည့် လက်အစုံကို လွှတ်ပေးလိုက်မိတော့သည်။

"ဆောရီး....”

"အာ.. မလိုပါဘူးဆရာကလဲ... ”

"မင်းတောင်းဆိုမယ်ဆိုတာ အဲ့တာလား...”

"မဟုတ်ဘူး... ကျွန်တော် ဆရာ့ကို ဆိုင်ကယ်စီးသင်ပေးပါရစေလို့ တောင်းဆိုမလို့ပါ...”

ကောင်လေးစကားကြောင့် သူဆိုင်ကယ်ပေါ်မှ ဆင်းလိုက်ကာ လမ်းဆင်းလျှောက်လိုက်သည်။

"ခဏ နားရအောင်....”

ကောင်လေးလည်း ဆိုင်ကယ်ပေါ်မှ ဆင်းကာ ဒေါက်ထောက်၍ ဆိုင်ကယ်ကိုရပ်ခဲ့ပြီး သူလမ်းလျှောက်သည့်နောက် လိုက်လာခဲ့လေသည်။

သူ့ခံတွင်းထဲက ခပ်ချဉ်ချဉ်အရသာက ဆေးလိပ်တစ်လိပ်လိုအပ်ကြောင်း ပြောပြနေခဲ့သဖြင့် ဂျာကင်အတွင်းအိတ်ထဲမှ ဆေးလိပ်ဗူးကိုထုတ်ယူကာ ဆေးလိပ်တစ်လိပ်ကို သောက်ရန်ပြင်လိုက်သည်။ ကောင်လေးကသူ့အနားသို့ ရောက်လာခဲ့ပြီးနောက် လက်ထဲမှ မီးခြစ်လေးကိုခြစ်ပြီး လက်ဖဝါးတစ်ဖက်က မီးစကိုဖြန့်ကာထားရင်း သူ့နှုတ်ခမ်းဝမှ ဆေးလိပ်ကိုမီးညှိ့ပေးလိုက်လေသည်။

"ဇဝန”ဆေးလိပ်ကိုတစ်ချက် ဖွာရှိုက်လိုက်ပြီးနောက် ဆေးလိပ်ညှပ်ကိုင်ထားသည့် လက်ညိုးနှင့်လက်ခလယ်နှစ်ချောင်းကို အသုံးပြုကာ ကောင်လေးကိုလက်ညှိုးထိုးသည့် သဏ္ဍန်ပြုလုပ်ပြလိုက်လေသည်။ ကောင်လေးက သူ့လက်ထဲမှ အဝါရောင်မီးခြစ်လေးကို မြှောက်ပြလိုက်ပြီး...

"ဆရာ့အတွက် ဆောင်ထားတာလေ... ”

ဟုဆိုလိုက်သည်။ ကောင်လေး၏ အဖြေစကားကြောင့် ဆေးလိပ်သောက်နေသည့် "ဇဝန”သည် ဆေးလိပ်ငွေ့သီးသွားခဲ့တော့၏။

"အဟွတ်....အဟွတ်.....”

"ဆရာ ရရဲ့လား.....”

သူ့အနားတိုးကပ်လာပြီး သူ့ကျောကိုထုပေးနေသည့် ကောင်လေးကြောင့် သူလက်ကာပြလိုက်ရတော့သည်။ မဟုတ်လျှင် ကောင်လေးအစိုးရိမ်ကြီးသည်ကနောက် သူ့ကျောမှ အဆုတ်က အချပ်လိုက်ကွာကြသွားမည်မှာ ရာနှုန်းပြည့်သေချာသလောက်ပင် ရှိသည်လေ။

Crocodile Tears (Complete)Where stories live. Discover now