Crocodile Tears ( Part - 16)
ဒီနေ့သည် ခါတိုင်းနေ့များထက် အအေးပိုလွန်းသည်။ နေ့လည် ဆယ့်တစ်နာရီ အချိန်သို့ ရောက်ရှိနေသည့်တိုင် ပတ်ဝန်းကျင်တစ်ခုလုံး အဖြူရောင် မြူနှင်းများက ပိတ်ကာနေခဲ့သည်။ နေ၏ အလင်းရောင်မှာလဲ မြူနှင်းဖြူ ခပ်ထူထူကို ထိုးဖောက်နိုင်ဟန်မရှိ။ မြူနှင်းများ ထူထပ်လွန်းသည့် နေ့တစ်နေ့ပင်။
ကောင်လေးက ဓာတ်ဘူးနှင့် စားစရာအချို့အား ယူရင်း ခြံထဲတွင် အလုပ်ဆင်းနေသည့် အလုပ်သမားများထဲ သွားပို့နေသည်။ ဇဝနကတော့ မီးလင်းဖိုမွှေးထားသည့် ဧည့်ခန်းဆက်တီပေါ်တွင် စာအုပ်ထိုင်ဖတ်နေခဲ့သည်။ တစိမ့်စိမ့်အေးနေသော ရာသီဥတု ဒဏ်ကြောင့် စောင်ထူထူတစ်ထည်ကိုပါ ရင်ဘတ်ပေါ်ထိ ဆွဲခြုံထားခဲ့သည်။
ဇဝနသည် ဖတ်လက်စ စာအုပ်ကို ရင်ဘတ်ပေါ် တင်လိုက်ပြီး နံရံပေါ်မှ တိုင်ကပ်နာရီကို လှမ်းကြည့်မိသည်။
"မိနစ်နှစ်ဆယ်လောက် ရှိပြီ သူ ဘာလုပ်နေတာလဲ”
ဇဝန ထုံးစံအတိုင်း မျက်မှောင် ကုပ်လိုက်မိပြန်ပါသည်။ အေးလွန်းသည့်နေ့ ဖြစ်သောကြောင့် သူကိုယ်တိုင်တောင် မီးလင်းဖိုနားကပ်၍ စောင်ခြုံနေရသည်။ သို့တိုင် ကောင်လေးကတော့ အေးစိမ့်နေသည့် ခြံထဲသို့ ထွက်သွားသည်မှာ တော်ရုံနှင့် ပေါ်မလာခဲ့ပေ။ ဇဝန လှဲနေရာမှ ဝုန်းခနဲ ထလိုက်ရင်း ခြံထဲ ဆင်းလိုက်သွားရန် ပြင်လိုက်လေသည်။
သူထလိုက်သောကြောင့် ရင်ဘတ်ပေါ် မှောက်တင်ထားသည့် စာအုပ်မှာ ကြမ်းပြင်ပေါ်သို့ ဖရိုဖရဲ ကျသွားခဲ့တော့၏။ ထိုမျှမပြီးသေး စားပွဲပုလေးပေါ်မှ ရေနွေးခွက်ကိုပါ တိုက်ချမိသလို ဖြစ်သွားကာ ကြမ်းပြင်ပေါ် ကျကွဲ သွားခဲ့လေသည်။
"ခွမ်း...”
ကြမ်းပြင်ပေါ်တွင် ရေနွေးခွက် အကွဲအပိုင်းအစများနှင့် ရေနွေးများ ပြန့်ကြဲလျက်။ စာအုပ်သည်လဲ ရေနွေးများ စိုရွှဲလျက် ကြမ်းပြင်ပေါ် ဖရိုဖရဲ ကျနေခဲ့သည်။
အရာရာတွင် တိကျ တည်ငြိမ်သော၊ အေးဆေးတတ်သော ဇဝနသည် လူစားလဲခံလိုက်ရသူလို စိတ်မြန် လက်မြန်အခြေအနေ ဖြစ်သွားသည့် သူ့ကိုယ်သူ "ကျစ်” ခနဲ စုတ်သတ်လိုက်ရင်း စိတ်ပျက်မိတော့သည်။
YOU ARE READING
Crocodile Tears (Complete)
Romanceမိကျောင်းတစ်ကောင်ဟာ....ဘယ်တော့မှ မျက်ရည်မကျဘူး...။ တကယ်လို့ သူကမျက်ရည်ကျတယ် ဆိုရင်တော့.. အဲ့တာဟာ..ဟန်ဆောင်မျက်ရည်ပဲ ဖြစ်လိမ့်မယ်...။ မိကျောင်းတစ်ကောင်ဟာ....ဘယ်တော့မှ မျက်ရည်မကျဘူး...။ တကယ်လို့ သူကမျက်ရည်ကျတယ် ဆိုရင်တော့.. အဲ့တာဟာ..ဟန်ဆောင်မျက်ရည်ပဲ...