Crocodile Tears ( Part - 23)
မနက် (၃) နာရီခန့် အချိန်ရောက်သော် အတာတစ်ယောက် တစ်ရေးနိုး လာခဲ့သည်။ သူ့မျက်လုံးအစုံနှင့် ပတ်ဝန်းကျင်ကို ဝေ့ဝိုက်ကြည့်လိုက်တော့ သူရောက်နေသည်က ဆေးရုံမှန်း ပြန်သတိရသွားတော့သည်။ ထိုစဥ်မှာပင် ဆရာ့ကိုလဲ သတိရသွားမိသည်။
"ဆရာ ဟုတ်သားပဲ သူမအိပ်ရသေးဘူး"
အတာ စောင်ကို ကမန်းကတန်း ဖယ်ကာ အိပ်ရာမှ ထလိုက်တော့ ဆရာက အန်တီကြီး၏ ကုတင်ပေါ် ခေါင်းတင်၍ အိပ်ပျော်နေသည်ကို တွေ့လိုက်ရသည်။
"ဇက်တွေတော့ နာကုန်တော့မှာပဲ"
အတာ ဇဝန နားသွား၍ နှိုးရန် ပြင်လိုက်သည်။ သို့သော် သူမနိုးခင်မှာပင် ဇဝန၏ မျက်ဝန်းအစုံက ပွင့်ဟလာတော့သည်။
"အော နိုးပြီလား"
ဇဝနက သူ့လက်မှ နာရီကို တစ်ချက် ငုံ့ ကြည့်လိုက်ပြီး မျက်မှောင် ကျုံ့လိုက်လေသည်။
"၃ နာရီပဲရှိသေးတယ် ပြန်အိပ်လိုက်အုံး..."
"ကျွန်တော် မအိပ်တော့ဘူး ဆရာ အိပ်လိုက်အုံး"
"ရတယ် မင်းအိပ်ပါ"
အတာက သက်ပြင်းတစ်ချက် ချလိုက်ရင်း ဇဝန လက်တစ်ဖက်ကို ဆွဲယူလိုက်လေသည်။
"ဆရာ့ လက်ဖဝါးတွေ အေးစက် နေတာပဲ ပြီးတော့ ဒီလိုကြီးတစ်ညလုံးအိပ်ရင် ဇက်နာမယ်လေ"
"ကိုယ်က ရတယ်"
"မဟုတ်သေးပါဘူး ဆရာရယ် မနက်ကျ ဆရာ အလုပ်လဲ သွားရအုံး မယ်မို့လား အိပ်ရေးဝဝ မအိပ်ရရင် ဆရာ့ခေါင်းဘယ်ကြည်မလဲ ခေါင်းမကြည်တော့ အလုပ် ဘယ်လို လုပ်မလဲ ကျန်းမာရေးထိခိုက် လာခဲ့ရင် အန်တီ့ကိုဂရုစိုက်ဖို့လဲ ခက်လာမှာ အဲ့ဒီတော့ ကျွန်တော်တို့ တလှည့်စီ နားရအောင်လေနော် ကျွန်တော်လဲ အိပ်တန်သလောက် အိပ်ပြီးပြီပဲ"
"ကိုယ်....."
"ဆရာ အခုတောင် အန်တီကြီးကို စိတ်ပူနေရပြီ ဆရာပါ နေမကောင်းဆက်ဖြစ်ရင် ဘယ်လိုလုပ်မှာလဲ ကျွန်တော်က စိုးရိမ်လို့ပါ"
အတာ့စကားကြောင့် ဇဝနက မြတ်နိုးခြင်း ဖိတ်လျှံနေသည့် အကြည့်တို့ဖြင့် အတာ့ကို ကြည့်နေမိတော့သည်။
YOU ARE READING
Crocodile Tears (Complete)
Romanceမိကျောင်းတစ်ကောင်ဟာ....ဘယ်တော့မှ မျက်ရည်မကျဘူး...။ တကယ်လို့ သူကမျက်ရည်ကျတယ် ဆိုရင်တော့.. အဲ့တာဟာ..ဟန်ဆောင်မျက်ရည်ပဲ ဖြစ်လိမ့်မယ်...။ မိကျောင်းတစ်ကောင်ဟာ....ဘယ်တော့မှ မျက်ရည်မကျဘူး...။ တကယ်လို့ သူကမျက်ရည်ကျတယ် ဆိုရင်တော့.. အဲ့တာဟာ..ဟန်ဆောင်မျက်ရည်ပဲ...