Crocodile Tears ( Part- 26)

557 62 10
                                    

Crocodile Tears ( Part - 26)

"အခုဘယ်လိုလုပ်ကြမလဲ အကိုကြီး”

ဇဝန အလိုမကျမှုနှင့် မျက်မှောင် ကျုံ့ထားမိသည်။ "စိမ့်” ဆိုသည့် မိန်းကလေးကို မာမီ့ရှေ့တွင် ချစ်သူတစ်ယောက်အဖြစ် ဟန်ဆောင်ရန် ငှားရမ်း ခဲ့သည် မှန်သော်လည်း လက်ထပ်မည့် ကိစ္စအထိတော့ သူမစီစဥ်ထားခဲ့ပေ။

မာမီက သူ့မင်္လါပွဲကို ဆေးသွင်းကုသမှု မခံယူခင် အပြီးအစီး လုပ်သွားချင်ပုံရသည်။ စခဲ့မိသည့် ဇာတ်လမ်းသည် လွယ်မယောင်နှင့် ရှုပ်ထွေးမှုထဲ ခြေ ချ၍ ရောက်ရှိ သွားခဲ့ချေပြီ။

"ဘယ်လိုလုပ်ကြမလဲလို့”

စိမ့်က ဆူပွပွနှင့် မေးလာသဖြင့် ဇဝန စိတ်မရှည်ဟန်ဖြင့် ပြန်ဖြေလိုက်တော့သည်။ နဂိုကပင် စကားများလွန်းသည့် သူများကို သဘောမတွေ့လှသည့် ဇဝန သည် စိမ့် ကိုလဲ စိတ်ရှည်မနေခဲ့ပေ။

"ငါစဥ်းစားနေတယ်... ”

ဇဝန ၏ ခပ်ငေါက်ငေါက် စကားသံကြောင့် စိမ့် ပါးစပ်ပိတ်သွားတော့သည်။ အတာကတော့ မည်သည့် စကားကိုမျှ ဝင်ရောက်ပြောဆိုခြင်း မရှိပါဘဲ နှုတ်ဆိတ် ၍သာ နေ နေလေသည်။

"ကောင်လေး... ကိုယ် ငြင်း မရတော့ဘူးနဲ့ တူတယ်”

"...”

"ကိုယ် ဘယ်လို ဆုံးဖြတ်ချက်ကိုပဲ ချချ မင်း ကိုယ့်သစ္စာတရားကို ယုံပေးမယ်မို့လား... အချိန်တစ်ခု ပြီးဆုံးသွားတဲ့အခါ မင်းက ကိုယ့်ဘဝရဲ့ တရားဝင် ပိုင်ရှင် ဖြစ်လာစေရမယ် ကိုယ်ကတိပေးတယ်”

အတာ ပြုံး၍ ခေါင်းငြိမ့်ပြလိုက်မိသည်။ ဆရာက သူ့အပေါ် ဘယ်လောက် ချစ်တယ်ဆိုတာ သူကိုယ်တိုင် ခံစား သိရှိနေသည်မဟုတ်လား။

စိမ့်က ဆွေးမြေ့နာကျင်ဟန်ဖြင့် အတာ့ကို ကြင်ကြင်နာနာကြည့်၍ ပြောနေသည့် ဇဝနကို ကြည့်ကာ သက်ပြင်း ခိုးချလိုက်မိတော့၏။

သိပ်ချစ်တတ်တဲ့ ယောကျ်ား တစ်ယောက်ကို ငါမြင်နေရတာလား။

ထိုအစဥ် အတာက သူတို့နှစ်ဦးအား ကြည့်နေသည့် စိမ့်၏ မျက်ဝန်းများကို မြင်လိုက်မိသောအခါ သူ့မျက်နှာတို့သည် ရှက်ရွံ့မှုကြောင့် နီရဲ သွားခဲ့လေတော့သည်။

Crocodile Tears (Complete)Where stories live. Discover now