Crocodile Tears ( Part -33)
ဇဝန နောက်ကို လိုက်၍ အလုပ်များသင်ယူနေရသည့်အတွက် အတာတစ်ယောက် မီးဖိုချောင် မဝင်ဖြစ်တာ ကြာခဲ့ ပြီ ဖြစ်သည်။ အလုပ်ကိစ္စနှင့် အပြင်သွားတိုင်း ဆိုင်တွင် စားဖြစ်ကြသည်က များသည်။
ဒီနေ့တွင်တော့ အလုပ်လည်း သိပ်မရှိသည်မို့ ဇဝနနောက် မလိုက်ဖြစ်ပဲ မီးဖိုချောင် ဝင်ဖြစ်ခဲ့သည်။ ရေခဲ သေတ္တာထဲတွင် မစိမ့် ဝယ်ခြမ်းထားသည့် အသားငါးနှင့် သီးနှံတချို့ ရှိနေသေးသောကြောင့် စျေးသွားရန်တော့ မလိုသေးပေ။
ထိုအချိန်တွင် အခန်းထဲမှ ထွက်လာပြီး နေ့လည်စာ ပြင်ရန် မီးဖိုခန်းဘက် ထွက်လာသည် မစိမ့်နှင့် ဆုံမိသည်။
"နေ့လည်စာ ချက်မလို့လား..."
"အင်း... ဟုတ်တယ်..."
"ကျွန်တော် ချက်လိုက်မှာ မို့လို့ မစိမ့် သွားနားနေလိုက်ပါ..."
"တကယ်လား..."
မစိမ့်က မှိုရသည့် မျက်နှာထားနှင့် ပြုံးပြုံးကြီးဆိုသည်။ အတာ အလုပ်ကိစ္စနှင့် လုံးပမ်းနေကတည်းက မိမိဖာသာ ချက်ပြုတ် စားနေခဲ့ရသည်။ ဟင်းချက်ကောင်းသော အတာ့၏ လက်ရာကို တကယ် တမ်းတမိသည်ကတော့ အမှန်ပင်။
"တကယ်ပါဗျ..."
"ကျေးဇူးပဲ..."
"မလိုပါဘူးဗျာ..."
စိမ့်က ထမင်းစား စားပွဲတွင် ထိုင်ရင်း အတာ့ ချက်ပြုနေသည်ကို လှမ်းကြည့်နေမိသည်။ လွန်ခဲ့သော ငါးလ ခန့်ကနှင့်မတူပဲ အနည်းငယ် ထွားကျိုင်းကာ အရပ်ရော မြင့်လာသည့် အတာသည် ပို၍ ကြည့်ကောင်းလာသည်။ ချိုသာပြီး ပြုံးရွှင်ရွှင် မျက်နှာထားလေးကလည်း မိန်းကလေးများ စိတ်ကူးယဥ်စရာ ပုံစံမျိုးပင်။
စတွေ့ကာစ က ဖြစ်သလို ဝတ်စားတတ်သည့် အတာသည် ယခုအခါ သပ်ရပ်လိုက်ဖက်စွာ ဝတ်စားတတ်ခဲ့ပြီ ဖြစ်သည်။
အိမ်နေရင်း အဝတ်အစား ဝတ်ထားရုံနှင့်ပင် စွဲဆောင်မှု ရှိသည့် ယောကျ်ားပျို တစ်ယောက် ဖြစ်နေခဲ့လေပြီ။ ရှဒ်အင်္ကျီကို တံတောင်ဆစ်နားထိ လက်ခေါက်တင်ကာ ဟင်းချက်ရန် ပြင်ဆင်နေသည့် ပုံမှာ သူမ မြင်ကွင်းထဲ၌ နှစ်လိုဖွယ် ကောင်းလွန်းနေခဲ့သည်။
YOU ARE READING
Crocodile Tears (Complete)
Romanceမိကျောင်းတစ်ကောင်ဟာ....ဘယ်တော့မှ မျက်ရည်မကျဘူး...။ တကယ်လို့ သူကမျက်ရည်ကျတယ် ဆိုရင်တော့.. အဲ့တာဟာ..ဟန်ဆောင်မျက်ရည်ပဲ ဖြစ်လိမ့်မယ်...။ မိကျောင်းတစ်ကောင်ဟာ....ဘယ်တော့မှ မျက်ရည်မကျဘူး...။ တကယ်လို့ သူကမျက်ရည်ကျတယ် ဆိုရင်တော့.. အဲ့တာဟာ..ဟန်ဆောင်မျက်ရည်ပဲ...