Crpcodile Tears ( Part - 36)
"ဒီစာချုပ်မှာ လက်မှတ် ထိုးပေးပါ မောင်အတာ...”
ရှေ့နေကြီးက အတာ့ရှေ့သို့ စာချုပ် တစ်ခုကို တိုးပေးလိုက်သည်။
"ဒါက...”
ဇဝနက စားပွဲ၏ ထိပ်ဆုံး ခုံတွင် လက်ပိုက်၍ ထိုင်နေရာမှ ရှေ့နေကြီးအား ခေါင်းညိမ့် ပြလိုက်မှ ရှေ့နေကြီးက ထို စာချုပ်နှင့် ပက်သက်သည့် အကြောင်းအရာကို အတာ့အား ရှင်းပြလေသည်။
"ဒေါ်စောစန္ဒာ ရဲ့ အမွေနဲ့ ပက်သက်တဲ့ စာချုပ်ပါ”
"အန်တီကြီးရဲ့ အမွေက ကျွန်တော်နဲ့ ဘာများ သက်ဆိုင်နေလို့လဲ...”
"ဒီက မောင်ဇဝန က မိခင်ဖြစ်သူဆီက လက်ခံရရှိထားတဲ့ အမွေနဲ့ သူပိုင် ပစ္စည်း ဥစ္စာ မှန်သမျှကို မောင်အတာရဲ့ နာမည်နဲ့ လွှဲထားချင်လို့ ဆိုလို့ ဒီလို စီစဥ်လိုက်တာပါ...”
"ဗျာ...”
ရှေ့နေကြီး ဦးသန်းယု၏ စကားကြောင့် အတာ အံ့ဩ မှင်သက် သွားရတော့သည်။ သိန်းပေါင်းမြောက်မြားစွာနှင့် ပိုင်ဆိုင်မှု အားလုံးကို မိမိနာမည်နှင့် လွှဲပေးသည်အထိ ဆရာက သတ္တိရှိလွန်းနေသည် မဟုတ်လား။
ဇဝန အနားတွင် ပြည့်စုံစွာ နေထိုင် ခဲ့သည့် သူသည် မြောက်မြားလှစွာသော ငွေကြေးဥစ္စာ တို့ကို လက်ဝယ် ပိုင်ဆိုင်ရလိမ့်မည်ဟုတော့ မတွေးတောမိခဲ့ပေ။
စကားတစ်ခွန်းမှ မဆိုနိုင်ဘဲ ငေးကြောင်နေသည့် အတာ့ပုံစံကို ကြည့်ကာ ဇဝန သည် ကောင်လေးအတွက် စဥ်းစားတွေးတောရန် အချိန် လိုသည်ဟု တွေးလိုက်မိတော့သည်။
"အော... အန်ကယ် ဦးသန်းယု စာချုပ်ကိစ္စကို နောက်ရက်မှ ဆက်ပြောကြတာပေါ့ သူ့ကို အချိန်ခဏပေးလိုက်ရအောင်”
"ကောင်းပါပြီ မောင်ဇဝနရေ ဒါဆို အန်ကယ့်ကို ခွင့်ပြုအုံး... မောင်အတာ အန်ကယ်သွားလိုက်အုံးမယ်...”
"ကောင်းပါပြီဗျာ...”
"ဟုတ်ကဲ့...”
ရှေ့နေကြီး ဦးသန်းယု ထွက်သွားတော့မှ ဇဝနက အတာ့ကို ကြည့်ကာ ခေါင်းရမ်းမိလိုက်တော့သည်။
أنت تقرأ
Crocodile Tears (Complete)