(Unicode)
စနေပြီလားဟင်..။ ပြောလို့ရပြီလား။ ကျွန်တော် ပြောတော့မယ်နော်..။ ပြောပြီနော်..။
အားလုံးပဲ မင်္ဂလာပါခင်ဗျ။ ကျွန်တော့်နာမည် မောင်မဟော်မင်းမြတ် လို့ခေါ်ပါတယ်။ ကျွန်တော်က ရန်ကုန်ဆေးတက္ကသိုလ်မှာ ပညာသင်ကြားနေတဲ့ ဒုတိယ..နေဦး စာမေးပွဲဖြေထားတာဆိုတော့ တတိယနှစ်လို့ ပြောရတော့မှာပေါ့နော်။ ဟုတ်ကဲ့ ကျွန်တော်က တတိယနှစ် ဆေးကျောင်းလေးပါခင်ဗျ။ ကျွန်တော် အသက်၁၉နှစ်ပြည့်ပြီးပါပြီ။ ဟုတ်ပါတယ်.. ၂၀နှစ်ပြည့်ဖို့ တစ်နှစ်ပဲလိုတော့တဲ့ ဆယ်ကျော်သက်လေးပါ ခင်ဗျ။
ကျွန်တော့်အဖေနာမည်က အသည်းပါရဂူ ဒေါက်တာမင်းမင်းဇော်ဖြစ်ပြီး အမေနာမည်က ကလေးအထူးကု ဒေါက်တာမြင့်သဇင်ဖြစ်ပါတယ်။ ကိုကြီးကတော့ အရိုးအကြောအထူးကု ဒေါက်တာမဟော်မင်းဝေပါ။ ကိုကြီးပြောတဲ့အတိုင်းဆို ဖေကြီးနဲ့မေကြီးက ကြီးမှဝက်သက်ပေါက်ခဲ့ကြလို့ ကိုကြီးအသက်၁၃နှစ်ရောက်မှ ကျွန်တော့်ကို မွေးတာတဲ့။ ဘယ်လိုပဲဖြစ်ဖြစ်ပါ ဖေကြီးနဲ့မေကြီးက ကျွန်တော့်ကို တုန်နေအောင် ချစ်တယ်။ ကိုကြီးကလည်း..အင်း..ချစ်ပါတယ်..။
ကျွန်တော် မပြောပြရသေးဘူးနော်။ ကျွန်တော်တို့ မိသားစုက မန္တလေးမှာ နေတယ်ဆိုတာ။ ဖေကြီးက မန်းလေးဆေးရုံကြီးမှာ တာဝန်ကျနေပြီး မေကြီးက ကလေးဆေးရုံမှာ ထမ်းဆောင်နေတဲ့ အစိုးရဝန်ထမ်းဆရာဝန်တွေပါ။ ကိုကြီးကတော့ မေကြီးတို့လိုမဟုတ်ဘဲ ရန်ကုန်မှာရှိတဲ့ ပုဂ္ဂလိကဆေးရုံတစ်ခုက ဆရာဝန်...။
ဒါနဲ့ လူစုံတုန်း ကိုကြီးအကြောင်း အတင်းတုတ်ရဦးမယ်။ ကိုကြီးကလေ တကယ်ကို အကျင့်မကောင်းတာပါ..။ ကျွန်တော့်ကို ကိုးတန်းကတည်းက သူနေတဲ့ ရန်ကုန်ကို အတင်းခေါ်ပြီး ဘော်ဒါဆောင်ပို့ထားတယ်လေ။ အထက်တန်းပြီးလို့ မန်းလေးကို ပြန်ပြီး အေးအေးဆေးဆေး ကျောင်းတက်ရမလား မှတ်ပါတယ်။ မန်းလေးကို မပြန်ခိုင်းဘဲ ရန်ကုန်မှာပဲ အတင်းဆက်တက်ခိုင်းတာ။
ဒီနှစ်လည်း ကျောင်းလေးပိတ်တုန်း ဖေကြီးတို့ဆီပြန်ပြီး နှပ်ရမလား အောက်မေ့တယ်။ သူ နှာထချင်တာနဲ့ လူကို အတင်းဆွဲထားပြီး Special Nurseအတင်းလုပ်ခိုင်းတာ။ ကျွန်တော်က လူနာအစ်ကိုကို သနားလို့ စိတ်သန့်သန့်နဲ့ ကူညီပေးခဲ့ပေမယ့် ကိုကြီးက စိတ်မသန့်ဘူးလေ။ အဲ့တာကြောင့် သူပဲ အမြဲကျန်ရစ်ဖြစ်နေတာ။ ခံပေါ့.. ပိုင်ရှင်ရှိမရှိ မစုံစမ်းဘဲ မျက်နှာလေးမြင်တာနဲ့ ကြိုက်တာကိုး..။
YOU ARE READING
3.My Babe True Love S-3 (Completed)
RomanceLove is not a Game✗ Never bet on Love✘ Love is not a toy✗ Never play with Love✘ (19.05.2021 - 11.06.2021)