Episode(3)

3.2K 359 253
                                    

(Unicode)

"မဟော်မင်းမြတ်ရေ ထတော့ဟေ့"

"မဟော်မင်းမြတ် တစ်နေကုန် ကျောခင်းမနေနဲ့ အမှိုက်လေးဘာလေး ထလှည်းဦး"

"မဟော်မင်းမြတ် တိုင်ကပ်နာရီ တပ်ဖြုတ်ပြီး ဓာတ်ခဲလဲလိုက်ဦး"

ဒီနေ့ ကိုကြီးမဟော်မင်းဝေ အလုပ်ပိတ်တဲ့နေ့..။ ကိုကြီး အိမ်မှာရှိတဲ့ရက်ဆိုရင် မနက်ခင်းကို မဟော်မင်းမြတ်နဲ့ စဖွင့်ပြီး ညပိုင်းကိုလည်း မဟော်မင်းမြတ်နဲ့သာ ပိတ်လေ့ရှိသည်။ ကိုကြီးက အမြဲတမ်း ဒီလိုပဲ...သူ အိမ်အလုပ်လုပ်ရရင် မင်းမြတ်လည်း အေးအေးဆေးဆေး ထိုင်မနေရ...။ သူနဲ့အတူ အလုပ်ပတ်ရှုပ် ပြနေမှ ကြိုက်သည်။ သူများတွေရဲ့ မျက်စိထဲမှာတော့ ကိုကြီးရဲ့လုပ်ပုံကိုင်ပုံတွေက အစ်ကိုကြီး အဖရာဆိုပေမယ့် မင်းမြတ်ကတော့ အစ်ကိုကြီး အဖိရာလို့ပဲ ခံစားနေရသည်။ အငယ်ဆိုတော့လည်း အဖိခံရတာပေါ့...။ ဘာတတ်နိုင်မှာလဲ..။ အခုလည်း..

"မဟော်မင်းမြတ် အဝတ်လျှော်စက်ထဲက အဝတ်တွေ ထုတ်လှမ်းပြီးပြီလား"

ဆိုပြီး လှမ်းမေးလာတော့ မင်းမြတ်လေးခမျှာ ထိုင်နေရာမှ ချက်ချင်းထရပ်လိုက်ရပြီး...

"အခုလှမ်းနေပြီ ကိုကြီး"

လို့ သံတော်ဦးတင်ကာ အဝတ်လျှောက်စက်ဆီကို ခြေကုန်သုတ်ပြေးရသည်။ လျှော်စက်ထဲကို ဖွင့်ကြည့်လိုက်တော့ မင်းမြတ်အင်္ကျီက သုံးလေးထည်သာပါသည်။ အင်္ကျီတွေ၊ ဘောင်းဘီတွေကို တစ်ထည်ချင်း ထုတ်လှမ်းရင်း သက်ပြင်းကို အသံရှည်ဆွဲကာချမိသည်။

"ကဲ အင့် ရော့"

*ဘုန်း*

ရေစစ်ပြီးသား ကိုကြီးအင်္ကျီတွေကို မြန်မြန်ခြောက်ပါစေဆိုတဲ့ စေတနာနဲ့ ခပ်ကြမ်းကြမ်းလေး ခါပြီး လှမ်းပေးလိုက်သည်။ 

*တင်း တောင်*

"မင်းမြတ် တံခါးသွားဖွင့်လိုက်ဦး"

နောင်ပွင့်မယ့်ဘုရားကို ဆွမ်းကပ်ရင် မှီလောက်အောင် နေ့လည်စာ ဟင်းလေးနှစ်ခွက်ကို မပြီးမစီးချက်နေတဲ့ ကိုကြီးက သူဖွင့်ပေးရင်လည်း ရရဲ့သားနဲ့ ဝရံတာဘက်ရောက်နေတဲ့ မင်းမြတ်ကို အော်ပြီးလှမ်းခိုင်းတာ။

3.My Babe True Love S-3 (Completed)Where stories live. Discover now