(Unicode)
*ဂျောက်* *ဂျောက်* *ဂျောက်*
အေးစက်နေသော အိပ်ခန်းလေးတစ်ခုထဲတွင် နံရံကပ်နာရီ၏ စက္ကန့်တံများ ပြေးလွှားသံကို အဆက်မပြတ်ကြားနေရသည်။ အခန်းပိုင်ရှင်လေး မဟော်မင်းမြတ်မှာတော့ ထိုနာရီသံကို အဖော်ပြုရင်း ကုတင်ပေါ်တွင် ဆန့်ဆန့်ကြီး လှဲလျောင်းကာ မျက်နှာကျက်ကိုပဲ စိုက်ကြည့်နေပါသည်။ တစ်ညလုံး အိပ်ရသေးတဲ့ပုံမပေါ်..။အချိန်ကိုကြည့်တော့ မနက်ခြောက်နာရီပင် ထိုးတော့မည်။
*ဟပ်..ဟပ်ချိုး..ရွှတ်*
ပုံမှန်ဆိုရင် အဲယားကွန်းကို မိုင်ကုန်ဖွင့်ထားတဲ့ အေးစက်စက်အခန်းထဲမှာ စောင်ကိုလုံအောင်ခြုံပြီး ကွေးနေအောင် အိပ်တတ်တဲ့သူက အခုတော့ ကုတင်ပေါ်မှာ ပက်လက်လှန်ကာ တောင့်တောင့်ကြီး....။
"ငါက...ငါက..ကိုAlexကို..."
*ဒုတ်..ဒုတ်.*
ဟောကြည့်...ကိုAlexနာမည်ကို တလိုက်တာနဲ့တင်..နှလုံးသားက ဒုန်းစိုင်းပြေးသည်။ မင်းမြတ် ဝုန်းကနဲ ထထိုင်လိုက်မိသည်။
"ဘာလို့လဲ!! ငါလည်း ယောကျာ်း..၊ သူလည်း ယောကျာ်း..!! ငါကြိုက်တာ ပိုးမမှီသာလို ဒီဇိုင်းလေ!!"
ကိုယ့်ကိုကိုယ် အော်ဗြဲခွဲပြီးတာနဲ့ Lock Screenပေါ်က ပိုးမမှီသာပုံလေးကို တစိမ့်စိမ့်ကြည့်လိုက်သည်။ ချောသည်..မဟာဆန်ဆန်ကို...ချောသည်။ ဒါပေမယ့်..ရင်မခုန်..။
ပိုးမမှီသာကို ကျော်ပြီး Lock Screenကိုဖွင့်ကာ Galaryထဲက ကိုAlexရဲ့ ဆေးပုံကို ထုတ်ကြည့်လိုက်သည်။ မုန့်စားဖို့ ပါးစပ်ဟနေတဲ့ပုံက အရမ်းကိုရီစရာကောင်းလွန်းလို့ ကိုAlexမသိအောင် ခိုးရိုက်ထားတာ..။ သူ့ကို ဖမ်းစားနိုင်တဲ့ ဂန္တဝင်ဆန်ဆန် အလှတရားတွေ တစ်ခုမှမရှိပေမယ့် မြင်လိုက်တာနဲ့ မူမမှန်တော့တာက ရင်ဘတ်ထဲက နှလုံးသား..။
"အား!! ခုန်လာပြန်ပြီ ဒီရင်ဘတ်!! သွားပြီ!! ငါတော့ ကွေးပါပြီ!!"
ခေါင်းအုံးကို လှမ်းယူကာ မျက်နှာကို ခေါင်းစိုက်ချပြီး အသားကုန်အော်ပစ်လိုက်သည်။ သူ့အော်သံက ဘယ်လောက်ကျယ်သွားတယ် မသိ..။ အပြင်ကို လမ်းလျှောက်ထွက်တော့မယ့် ကိုကြီးက အခန်းတံခါးကို ဝုန်းကနဲဖွင့်ပြီး ပြေးဝင်လာသည်။
YOU ARE READING
3.My Babe True Love S-3 (Completed)
RomanceLove is not a Game✗ Never bet on Love✘ Love is not a toy✗ Never play with Love✘ (19.05.2021 - 11.06.2021)