Episode(7)

2.6K 342 298
                                    

(Unicode)

သင့်အနောက်ကို Zombieတွေ လိုက်လာတယ်ဆိုပါစို့...။ ဘယ်လိုလွတ်အောင်ပြေးကြမလဲ..။

တစ်ချို့ကတော့ ငယ်သံပါအောင် အော်ပြီး ပြေးကြလိမ့်မယ်...၊

တစ်ချို့ကတော့ ဖနောင့်နဲ့တင်ပါး တစ်သားတည်းကျအောင် ပြေးကြလိမ့်မယ်...၊

တစ်ချို့ကတော့ ငိုရင်းယိုရင်း ဘုရားတပြီး ပြေးကြလိမ့်မယ်...။

အကယ်၍များ လိုက်လာတဲ့အရာက..Zombieမဟုတ်ဘဲ.. အချစ်ဆိုရင်ရော...သင်တို့ ဘယ်လိုပြေးကြမလဲ...????

*****

ရန်ကုန်မြို့ရှိ အဆင်မြင့်ကွန်ဒိုအိမ်ရာဝင်းတစ်ခုထဲတွင် Hoodieအကြီးကြီးကို ဝတ်ဆင်ထားသော လူငယ်လေးတစ်ယောက်သည် တစ်စုံတစ်ယောက်၏ လက်ထဲမှ လွတ်မြောက်ရန်အတွက် ဝင်းအပြင်ဘက်သို့ အူးယားဖားယား ပြေးထွက်လာလျက်ရှိသည်။ မည်သူတစ်ဦးတစ်ယောက်ကမှ နောက်ကလိုက်မလာပေမယ့် လှည့်ကြည့်လိုက်...ခြေကုန်သုတ်ပြေးလိုက်နဲ့ သွေးရူးသွေးတန်းဖြစ်နေပုံက မသိရင် ဇွန်ဘီအလိုက်ခံရတဲ့ ဇာတ်ဝင်ခန်းကို ရိုက်ကူးဖို့အတွက် တစ်ယောက်တည်း ကြိုးစားပမ်းစား လေ့ကျင့်နေသည့်အလား...။

ထိုလူငယ်လေး ဘယ်လောက်တောင် သွေးပျက်နေသလဲဆိုရင် ပုံမှန်ဖုန်းနဲ့လှမ်းခေါ်နေကျ Taxi Appကိုတောင် သတိမရတော့ဘဲ လမ်းမပေါ်မှာ ဖြတ်မောင်းသွားတဲ့ အငှားယာဉ်တွေကိုသာ ကယ်ပါယူပါနဲ့ တားလျက်ရှိသည်။ ကံကောင်းထောက်မစွာလွန်းနဲ့ Taxiတစ်စီးက ရပ်ပေးလာတော့ ကျေးဇူးတင်ပါတယ်လို့ တဖွဖွအော်ရင်း ကားပေါ်ကို အလျင်အမြန်ပြေးတက်လိုက်သည်။

"ဦးလေး အရင်ဆုံးဟိုးရှေ့နားထိရောက်အောင် မြန်မြန်မောင်းလိုက်ပါ"

Taxiစထွက်တာ သေချာပြီဆိုတော့မှ အင်္ကျီခေါင်းစွပ်ကို ချွတ်ချလိုက်တော့ ပေါ်လာတဲ့ မျက်နှာပိုင်ရှင်လေးက ဖိုးပြုံးချိုလေး မဟော်မင်းမြတ်..။ ကားပေါ်ရောက်တာနဲ့ စိတ်ကို ငြိမ်ငြိမ်ထားကာ အသက်ကိုဝဝရှုလိုက်ရင်း လက်ထဲမှာ ကိုင်ထားတဲ့ဖုန်းကို စက်ပိတ်ပစ်လိုက်သည်။ 

လောလောဆယ်မှာ မတွေ့ချင်ဆုံးလူသားဖြစ်တဲ့ ကိုAlexရဲ့ လက်ထဲကနေ ထွက်ပြေးနိုင်ခဲ့ပြီ။ ကိုAlexက သူ့ကိုတွေ့တာနဲ့ ရည်းစားစကားတန်းပြောတော့မယ်ဆိုတာ မင်းမြတ်သိသည်။ ယောကျာ်းလေးတစ်ယောက်က ပြောတဲ့ ရည်းစားစကားကို မင်းမြတ် ဘယ်လိုမှ တည်တည်ငြိမ်ငြိမ်နဲ့ နားထောင်နိုင်မှမဟုတ်..။ ပြောမယ့်လူက ကိုAlexဖြစ်နေတော့ ပိုဆိုးပါသည်။ တစ်ခြားသူဆိုရင် ရိုက်နှက်ပစ်လိုက်လို့ ရသေးသည်လေ..။

3.My Babe True Love S-3 (Completed)Where stories live. Discover now