(Unicode)
လေးလမ်းသွား ကားလမ်းမကြီး၏ဘေးတွင် ရှပ်အင်္ကျီအနက်ရောင်ကို အနောက်တိုင်းဆန်ဆန် ဝတ်ဆင်ထားသည့် Alexသောင်းတန်သည် တိုက်ပုံအဖြူရောင်ကို မြန်မာဆန်ဆန် ဝတ်ဆင်ထားသည့် မဟော်မင်းမြတ်ကို လက်ကနေဆွဲကိုင်ကာ တစ်နေရာရာသို့ ဦးဆောင်ခေါ်သွားလျက်ရှိပါသည်။
"အီး....ကျွန်တော် တမင်လုပ်တာမဟုတ်ပါဘူး..အင့်.."
ဝမ်းနည်းကြီးစွာ ရှိုက်ငိုနေဆဲဖြစ်တဲ့ မဟော်မင်းမြတ်လေးသည် သူ့လက်ကိုကိုင်ပြီး ရှေ့ကနေလျှောက်နေတဲ့ ကိုကို့ရဲ့လက်ကို ပြန်ဆွဲရင်း ကျန်လက်တစ်ဖက်ကတော့ တလိမ့်လိမ့်ကျဆင်းလာနေတဲ့ မျက်ရည်တွေကို ဖယ်သုတ်လျက်ရှိသည်။
"တိတ်တော့..Babe..မောနေပြီ"
"..တိတ်လို့မရဘူး..အီး.."
မျက်နှာလှည့်မလာဘဲ အသံနဲ့သာချော့လာတဲ့ ကိုကို့ရဲ့ နောက်ကျောပြင်ကိုကြည့်ပြီး ငိုသံကို ပိုကျယ်ပစ်လိုက်သည်။ တကယ်ဆို..ကိုကိုပြောသလိုပဲ မင်းမြတ်တော်တော်လေး မောနေပါပြီ။ ငိုရတာလည်း မောသလို..၊ လမ်းလျှောက်ရတာလည်း မောသည်။ ဘယ်နားရပ်ထားခဲ့မှန်း မသိတဲ့ကားဆီကိုလည်း အခုထိမရောက်နိုင်သေး။ ကြည့်ရတာ ရတုပွဲကိုလာတဲ့ကားတွေကြောင့် လွတ်တဲ့နေရာမှာ ထိုးရပ်ခဲ့ပုံရပါသည်။
"Babe..ခေါင်းတွေကိုက်လာလိမ့်မယ်နော်"
"..ကျွန်တော်လည်း..မငိုချင်ပါဘူး..ဒါ..ပေမယ့်..ရွှတ်..မျက်ရည်က သူ့အလိုလိုကျ..အီး..."
မင်းမြတ်လည်း အငိုရပ်ပစ်လိုက်ချင်ပေမယ့် ကိုကိုက Babeလို့သာခေါ်ပြီး သူ့ကိုယ်သူ 'ကိုကို'လို့ ပြန်မပြောသေးတာကြောင့် စိတ်ဆိုးတစ်ဝက်ပဲပြေသေးတယ်လို့ ယူဆပြီး အရှိန်ကောင်းကောင်းနဲ့ ဆက်ငိုနေလိုက်သည်။
"..အီး..ကိုကိုရဲ့..."
ဒီလိုငိုတဲ့အတိုင်းသာဆိုရင် ဘုန်းကြီးပျံပွဲတွေဘာတွေမှာ ဧယဉ်ကျုးဖို့အတွက် မင်းမြတ်ကို လာငှားတဲ့သူတွေပေါ်လာနိုင်ပါသည်။ ဒါပေမယ့် ကိုကိုနည်းနည်း စိတ်ပျော့နေပြီဆိုတာကို သိလိုက်ရတဲ့အတွက် အရမ်းကြီး ဝမ်းမနည်းတော့တာကြောင့် ထပ်ကျရမယ့် မျက်ရည်တွေက အင်တင်တင်ဖြစ်နေပြီ။ ဒါပေမယ့် ကိုကိုစိတ်ဆိုးပြေဖို့ပဲ အရေးကြီးနေတာကြောင့် မထွက်တော့တဲ့ မျက်ရည်ကို မရရအောင်ညှစ်ထုတ်ရင်း အသံလေးဆွဲကာ ငိုနေရသည်။
YOU ARE READING
3.My Babe True Love S-3 (Completed)
RomanceLove is not a Game✗ Never bet on Love✘ Love is not a toy✗ Never play with Love✘ (19.05.2021 - 11.06.2021)