(Unicode)
"လာ မြေးဘေး.. အဘိုးနဲ့နောက်ခန်းထဲကထိုင်"
"လာ အဘိုး ကျွန်တော် တံခါးဖွင့်ပေးမယ်"
မနက်ခင်း ထမင်းစားတုန်းကတင် စကားစစ်ထိုးနေကြတဲ့ မြေးအဘိုးနှစ်ယောက်က အခုလိုချိုချိုသာသာတွေပြောနေကြတာကို မြင်လိုက်ရတော့ မင်းမြတ် သဘောပေါက်သွားသည်။ ကိုကိုသည် အဘိုးတူမြေးဖြစ်လို့ ဉာဏ်နီဉာဏ်နက်များလွန်းတာပါ။
"အဲလက်စ်. မင်း.. မြေးဘေးလို ကလေးမျိုးကို ရှာတွေ့တာတော့ အဘိုးချီးကျုးတယ်ဟေ့"
"ကျွန်တော် တော်တယ်မလား အဘိုး"
"အေးကွာ၊ ယောကျာ်းလေးချင်း ရည်ငံတာတောင်မှ အပြစ်ကိုတစက်မှ ပြောစရာမတွေ့ဘူးဟေ့၊ အဘိုးတော့ မြေးဘေးမိဘတွေနဲ့ တိုင်ပင်ပြီး လက်ထက်ပွဲကို မြန်မြန်စီစဉ်ပေးချင်တယ်"
"ဟုတ် အဘိုးသဘော.."
"ဗျာ!!"
အတိုင်အဖောက်ညီညီနဲ့ မင်းမြတ်ကို အပိုင်သိမ်းနေတဲ့ ကြိုးစားချင်နေတဲ့ မြေးအဘိုးနှစ်ယောက်ကြောင့် ခန္ဓာကိုယ်က ရှိသမျှဓာတ်ကြီးဓာတ်ငယ်တွေအကုန်လုံးကတော့ ဇောက်ထိုးမိုးမျှော်တွေဖြစ်ကုန်ပြီ..။
ဒီနေ့မှ မန်းလေးပြန်ရောက်တာကို ဒီနေ့ပဲ ယောကျာ်းယူရတော့မည်။ ဒီကိစ္စတွေကို ဘယ်သူဖန်တီးတာလဲ မင်းမြတ်ပဲ ဖန်တီးတာလေ..။ မင်းမြတ်လုပ်မိတာလေးက ကိုကို့ကို စိတ်ဆိုးမိတာလေး တစ်ခုတည်းပါ..။ အခုတော့ သွားပြီ.. ငယ်ငယ်ရွယ်ရွယ်နဲ့ ယောကျာ်းယူရတော့မည်။
"ရောက်ပြီး အဘိုး၊ Babeတို့ အိမ်က ဒီအိမ်ပဲ"
"ကဲ ဆင်းစို့၊ မြေးဘေး အိမ်မှာမိဘတွေရှိလား"
"ဟုတ် ဒီနေ့ သားပြန်ရောက်တဲ့နေမို့ ပိတ်ရက်ယူထားပါတယ်"
"အတော်ပဲပေါ့ မြေးဘေးရ၊ ဟော နောက်မှာ အဲလက်စ်အဖေတို့လည်း ရောက်ပြီ လာ"
ဘိုးဘိုးက ကားပေါ်ကနေ စိတ်မြန်လက်မြန်နဲ့ ဆင်းချသွားကြောင့် အခုထိမျက်နှာပိုးမသတ်နိုင်သေးတဲ့ ကိုကိုက ချက်ချင်းပြေးတွဲသည်။ မင်းမြတ်ကတော့ အဘိုးမမြင်အောင် ကိုကို့ကို မျက်စောင်းထိုးပေးလိုက်ပါသည်။
YOU ARE READING
3.My Babe True Love S-3 (Completed)
Roman d'amourLove is not a Game✗ Never bet on Love✘ Love is not a toy✗ Never play with Love✘ (19.05.2021 - 11.06.2021)