Episode(14)

3.3K 338 278
                                    

(Unicode)

"Power Bank၊ နာရီ၊ တစ်ရှုး..ဘာကျန်သေးလဲ..အကုန်ပါပြီ။ ရေမွှေးလည်းစွတ်ပြီးပြီ။ ဆံပင်က အဆင်ပြေရဲ့လား.."

မနက်မိုးသောက် အလင်းရောက်နေပြီဖြစ်သဖြင့် ဆေးကျောင်းသားလေး မဟော်မင်းမြတ်သည် ထုံးစံအတိုင်း ကျောင်းသွားရန် ပြင်ဆင်လျက်ရှိပါသည်။ ခါတိုင်းထက်ထူးခြားတာက မှန်ရှေ့ကနေ မခွာနိုင်ဖြစ်နေခြင်းနှင့် တစ်ကိုယ်လုံးကို အပြတ်ရွှိုင်းနေခြင်း..။ ကြည့်လိုက်တာနဲ့ RSရောဂါဝေဒနာ၏ ကနဦးလက္ခဏာများကို ခံစားနေရမှန်း သိသာပါသည်။

မှန်ကို ရှေ့ပြန်နောက်ပြန် ကြည့်နေဆဲမှာပဲ ကျောင်းလိုက်ပို့ဖို့အတွက် အဆင်သင့်ဖြစ်နေတဲ့ ပူပူနွေးနွေးရည်းစားကြီးက စာပို့လို့လာသည်။ 

-Babeရေ ကိုကို အောက်မှာစောင့်နေပြီနော်၊ ဖြည်းဖြည်းဆင်းလာခဲ့-

ရည်းစားကြီး ပို့ထားတဲ့ စာကိုဖတ်ကြည့်လိုက်တာနဲ့ မျက်နှာက ပြုံးစိစိဖြစ်သွားကာ ကျောပိုးအိတ်နဲ့ ကျောင်းဂျူတီကုတ်လေးကို ချက်ချင်းကောက်ကိုင်လိုက်သည်။

"မင်းမြတ် စောလှချည်လား"

အခန်းထဲက ထွက်လာလာချင်းမှာပဲ လေ့ကျင့်ခန်းလုပ်ပြီး ပြန်လာတဲ့ ကိုကြီးနဲ့ တည့်တိုးတော့ မင်းမြတ် ဘာပြောရမှန်းမသိ..။ 

"Alex လိုက်ပို့မလို့လား"

"ဟုတ်"

"ဘာလဲ တွဲနေကြပြီလား"

ဒါမျိုးကျတော့ ကိုကြီးက လျင်လိုက်တာ..။ ဒါပေမယ့် ပေါ်သွားလို့မဖြစ်..။

"သားတို့က ရိုးရိုးသားသားပါ"

ရိုးရိုးသားသားရဲ့ နောက်မှာ ရည်းစားဆိုတဲ့ နှစ်လုံးတွဲကို ချန်ထားခဲ့လိုက်သည်။ အခုမှ အစမ်းတွဲကာလပဲ ရှိသေးတာကို ကိုကြီးကို ဘယ်ပြောလို့ ဖြစ်ပါ့မလဲ..။ မတော်တဆ ပြတ်သွားပါပြီတဲ့..စကားပဲ အဖတ်တင်သွားမှာလေ။ မင်းမြတ်တို့တွဲနေတာကို ကိုကြီးရိပ်မိသွားမှာစိုးလို့ ကိုAlexကိုတောင် Car Parkingမှာပဲ စောင့်ခိုင်းထားရသည်။ မင်းမြတ်က ဟန်ဆောင်တော်ပေမယ့် ကိုAlexရဲ့မျက်နှာဖြီးကြီးနဲ့ ကိုဘေးဆိုတဲ့ အခေါ်အဝေါ်ကြောင့် ကိုကြီးတန်းသိမှာလေ..။

3.My Babe True Love S-3 (Completed)Where stories live. Discover now