Episode(12)

2.9K 358 529
                                    

(Unicode)

ရန်ကုန်မြို့အထွက်နားတွင် တည်ရှိသော တောရဘုန်းကြီးကျောင်းလေးဆီသို့ သွားရာလမ်းတစ်လျှောက်တွင် ကားမှန်ပြတင်းပေါက်ကနေတစ်ဆင့် အပြင်ဘက်မြင်ကွင်းကို တွေဝေစွာငေးကြည့်နေသူတစ်ယောက်ရှိပါသည်။ လက်ထဲမှာလည်း စာအိတ်ထူထူတစ်ခုကို တင်းကြပ်စွာ ဆုပ်ကိုင်ထားသေးသည်။ ထိုသူ့ကို ကြည့်ပြီး ရတက်မအေးဖြစ်နေရသူ သုံးဦးလည်းရှိသည်။ အဆိုးဆုံးကတော့ မလှိမ့်တပတ်အမှု၏ ကြံရာပါ ထွန်းလင်းနိုင်(ခေါ်) William ပင်ဖြစ်ပါသည်။

"မင်းမြတ်..ညီလေးကို အစ်ကို တကယ်တောင်းပန်ပါတယ်..။ ဒီကိစ္စက အစ်ကိုက Alexကို စရင်းနောက်ရင်းနဲ့ ဖြစ်သွားတာပါ..။"

တစ်ယောက်က ဘုန်းကြီးဝတ်သွားပြီး..တစ်ယောက်က မျက်ရည်နဲ့မျက်ခွက် ဖြစ်နေပြီဆိုတော့မှ နောင်တသံနဲ့ တောင်းပန်နေတဲ့ ကိုထွန်းလင်းကို မင်းမြတ် ဂြိုလ်ကြည့်ကြည့်ပေးလိုက်သည်။ ကိုထွန်းလင်းသာ ဝင်မနှောက်ခဲ့ဘူးဆိုရင် ဒီလိုတွေဖြစ်လာစရာ အကြောင်းမရှိ..။ ဟုတ်တယ်...အမှန်ဆိုရင် အားလုံးက ကိုထွန်းလင်းမကောင်းတာ..။ မင်းမြတ်လည်း နစ်နာခဲ့ရသလို ကိုAlexလည်း ပေးဆပ်နေရပြီမဟုတ်လား..။

"ကိုAlex ဘုန်းကြီးဝတ်သွားရုံနဲ့ ဒီပွဲက မပြီးသေးဘူးနော် ကိုထွန်းလင်း"

"ဘယ်လို မင်းမြတ်..."

မင်းမြတ်ရဲ့ စကားကြောင့် မျက်ပြူးဆံပြာဖြစ်သွားတဲ့ ကိုထွန်းလင်းကို မဲ့ပြုံးပြုံးပြလိုက်သည်။ နှစ်ယောက်စလုံးမှာ အပြစ်ရှိတာကို ကိုAlexတစ်ယောက်ပဲ ခံရတာတော့ တရားမျှတမှု လုံးဝမရှိဘူးလို့ မင်းမြတ်ထင်သည်။ တွေ့ကြသေးတာပေါ့...ကိုထွန်းလင်း...။

"ဟို..ကိုထွန်းလင်း..ညီမ တကယ်သိချင်လို့ မေးတာပါ..ဘာလို့ ဘုန်းကြီးဝတ်ကြေးလောင်းကြတာလဲဟင်.."

ကားနောက်ခန်းထဲကနေ ရှေ့ကိုကိုင်းလာပြီး တကူးတကကို မေးလာတဲ့ ဖြိုးဝေသာရဲ့ မေးခွန်းကို ကိုထွန်းလင်းက ချက်ချင်းအဖြေပေးသည်။

"သင်္ကန်းဝတ်ရင် ဆံချရတယ်လေ..။ လူထွက်ရင် ကတုံးဖြစ်တာပေါ့..။ ရန်ကုန်မှာတော့ ကိစ္စမရှိပေမယ့် ဟိုကိုပြန်ရင် ကတုံးကြီးနဲ့ရုံးပြန်တက်ဖို့ကကျတော့ နည်းနည်းAwkwardဖြစ်တယ်လေ။ အစ်ကိုက တော်သေးပေမယ့် Alexက စင်္ကာပူမှာလည်း မျက်နှာပွင့်တယ်ဆိုတော့ သူက ရုပ်ပျက်မှာ သိပ်ကြောက်တာ.."

3.My Babe True Love S-3 (Completed)Where stories live. Discover now