(Unicode)
"ကိုကို့အမှားတွေ... ကိုကိုမှားတာ"
မှားပါတယ်လို့ တတွတ်တွတ်အော်ပြီး နွေးထွေးစွာ ဖက်ထားတဲ့သူရဲ့ ရင်ခွင်ကျယ်ကြီးထဲမှာ ခိုဝင်ရင်း မင်းမြတ် ဝမ်းနည်းတကြီး အော်ငိုမိသည်။ နေမကောင်းဖြစ်ပြီး အားနည်းနေတုန်းမို့ ထင်ပါသည်..။ ကိုကို့ရဲ့မျက်နှာကို မြင်တာနဲ့ မျက်ရည်တွေက ညှစ်ထုတ်စရာကိုမလို..။
"..အီး.."
"ကိုကို တောင်းပန်ပါတယ်.. ကိုကို..တကယ်.."
ငိုလို့ကောင်းကောင်းနဲ့ ငိုနေလိုက်တာများဆိုတာ.. တံခါးကိုဖွင့်ပြီးထွက်သွားတဲ့ ကိုကြီးနောက်ကျောကို လှမ်းမြင်လိုက်ရတော့မှ အသိစိတ်တို့က ခေါင်းကိုလာခေါက်သည်။ မေ့နေတာ.. သူကအခု Singleလေ။ နေ့လည်ကတင် ကိုသောင်းကြီးကို လမ်းခွဲပစ်လိုက်တာ မဟုတ်ဘူးလား..။ ဗိုက်အောင့်ပြီး အတိတ်မေ့သွားတဲ့ ကိုယ့်ကိုကိုယ်သာ အပြစ်တင်ရင်း အခုမှလာတောင်းပန်နေတဲ့သူကို တွန်းထုတ်ပစ်လိုက်သည်။
"မငိုနဲ့နော်.. တိတ်.."
"ဘာတိတ်လဲ! ဖယ်!"
"Babe.."
ဒီလောက်တွန်းနေတာကိုတောင်မှ မရမကအတင်းဖက်နေတဲ့သူကို မင်းမြတ်လက်ကာပြလိုက်သည်။
"ခင်ဗျားနဲ့ကျွန်တော်နဲ့ ပြတ်ပြီလို့ ပြောထားတယ်လေ!"
"Babe ကိုကို့ကို စိတ်ဆိုးနေမယ်ဆိုတာကို သိပါတယ်၊ ဒါပေမယ့် ကိုကိုရှင်းပြတာလေးကို နားထောင်ပေး.."
"မထောင်ဘူး! ဘာတွေထပ်ပြီး လိမ်ဦး.."
မင်းမြတ်ရဲ့ ရန်ထောင်စကားတွေ မဆုံးခင်မှာပဲ.. ကိုသောင်းကြီးက မင်းမြတ်ရဲ့လက်နှစ်ဖက်ကို ဆုပ်ကိုင်လာပြီး မျက်လုံးချင်းဆိုင်ကြည့်သည်။
"ကိုကိုက Babeကို အရမ်းချစ်တယ်လေ။ Babeကလည်း ကိုကို့ကို အရမ်းချစ်တယ်မလား"
"ချစ်တဲ့လူက ဘာမှမပြောဘဲ ထွက်သွားမယ်ပေါ့! ချစ်ရင် အဲ့လိုလုပ်ရတာပေါ့! ဟုတ်လား!"
"ကိုကိုက Babe မနက်လာတာနဲ့ သေချာပြောပြမယ်လို့ စဉ်းစားထားတာ။ ကိုကိုလည်း မနေ့ညကမှ သိလိုက်ရတာပါ။ Babeကြားသွားမှန်းလည်း ကိုကိုမသိလိုက်ဘူး။ Babeပျောက်နေတယ်ဆိုတော့မှ ကိုကိုသိလိုက်ရတာပါ..။ ကိုကို့စကားကို ခဏလေးနားထောင်ပေးပြီးမှ Babeကြိုက်တာ ပြောနော်.."
YOU ARE READING
3.My Babe True Love S-3 (Completed)
RomanceLove is not a Game✗ Never bet on Love✘ Love is not a toy✗ Never play with Love✘ (19.05.2021 - 11.06.2021)