Episode(4)

3.1K 347 143
                                    

(Unicode)

အမှောင်ချထားသော အခန်းငယ်လေးထဲတွင် သနားဂရုဏာရှင်လေး မောင်မင်းမြတ်သည် နှစ်ခြိုက်စွာ အိပ်မောကျလျက်ရှိပါသည်။ ခွနေကျ ဖက်လုံးလေးကိုလည်း ကြမ်းပြင်ပေါ်သို့ နယ်နှင်ဒဏ်ပေးထားပြီး ကုတင်ခြေရင်းကို ခေါင်းပေးကာ ကမ္ဘာကြီးနဲ့ အဆက်အသွယ်ပြတ်တောက်နေဆဲမှာပဲ...

*တီ.တီ.တီ.တီ.တီ.တီ.တီ.တီ.တီ.တီ.တီ.တီ.*

မြည်လာပြန်ပြီ ဒီနှိုးစက်...။ နှိုးစက်ကို ဆောင့်ကြီးအောင့်ကြီးနဲ့ ထပိတ်ပြီး ပြန်အိပ်ဖို့ပြင်လိုက်တော့ မြင်ယောင်လာတာက ကိုAlexမျက်နှာ...။

"ဪ ဘဝ..ဘဝ"

ဘဝကို နှစ်ကြိမ်တိတိတပြီး အကြောဆန့်ကာ ကုတင်ပေါ်မှာ ငူငူကြီးထိုင်နေမိသည်။ ကလေးဘဝတုန်းက စာထဲမှာ သင်ခဲ့ရတာက ဘာတဲ့...

"စောစောအိပ်ထ ပြုကျင့်က၊ တွင်းပ ကိုယ်ခန္ဓာ။
ရောဂါခပ်သိမ်း ရှောင်ခွာတိမ်း၊ ကင်းငြိမ်း လွန်ချမ်းသာ။
ဥစ္စာဓန ပေါကြွယ်ဝ၊ ထွန်းပ ဉာဏ်ပညာ"

ကဗျာထဲကအတိုင်း ရောဂါကင်းတာကို တော့ ထားပါတော့ လက်ခံပါတယ်..။ ဒါပေမယ့် စောစောထပြီး အိပ်ရေးမဝရင် တစ်နေကုန် အိပ်ချင်မှိန်းချင်နေတာကြောင့် ဥာဏ်မသွက်တော့ဘူးဆိုတာကို...

"အိပ်ချင်စိတ်များ ပေါကြွယ်ဝ၊ တုံးလှ ဥာဏ်ပညာ"

ဆိုပြီး versionအသစ်သာ မင်းမြတ် ထွင်ပေးလိုက်ချင်သည်။ 

"ဪ ဘဝ..ဘဝ"

ဒုတိယအကြိမ်မြောက်အဖြစ် ဘဝကို နှစ်ကြိမ်တိတိ ထပ်တရင်း အိပ်ယာမှ ထကာ မျက်နှာသစ်သွားတိုက်ပြီး ကိုAlexအခန်းဆီကို သွားဖို့ပြင်လိုက်သည်။ ကိုAlexအခန်းရှိတဲ့ ၉လွှာကို တက်လာတဲ့အထိ အိပ်ချင်စိတ်က မပျောက်သေး..။ 

*တင်း တောင်*

မင်းမြတ် တံခါးကို ခေါင်းနဲ့အားပြုမှီထားရင်း ကိုAlexအခန်းရဲ့ လူခေါ်bellကို နှိပ်လိုက်ပေမယ့်..ကိုAlexက ပေါ်မလာ...။ 

*တင်း တောင်*

နောက်တစ်ကြိမ် ထပ်နှိပ်ပြန်တော့လည်း ဘာသံမှမကြားရ...။ မင်းမြတ် စိတ်တိုတိုနဲ့ လှည့်ပြန်တော့မယ် လုပ်တော့မှ...

3.My Babe True Love S-3 (Completed)Where stories live. Discover now