Episode(9)

2.7K 348 353
                                    

(Unicode)

"မင်းမြတ်!!"

"ဘယ်သူလဲ Pee"

ဒီလိုအခြေအနေမျိုးကို  ရုပ်ရှင်တွေထဲမှာ မင်းမြတ် ခဏခဏမြင်ဖူးသည်..။

တချို့ကတော့ 'လူယုတ်မာ'လို့ ခေါ်ပြီး ပါးကိုဖြောင်းကနဲပိတ်ရိုက်ကာ လှည့်ထွက်သွားတတ်ကြသည်။

တချို့ကတော့ 'အရှက်မရှိလိုက်တာ'လို့ အော်ပြီး ဒုတိယလူရဲ့ ဆံပင်ကို ကိုင်ကာ နပန်းသတ်တတ်ကြသည်။

တချို့ကတော့ 'အင့်ကနဲ' တချက်ရှိုက်ငိုပြီး ထိုနေရာကနေ ပြေးထွက်သွားတတ်ကြသည်။

မင်းမြတ်ကတော့ ဒါတွေ တစ်ခုမှလုပ်လို့မရ..။ လုပ်ချင်ရင်တောင်မှ ကိုယ်အပါအဝင် သုံးယောက်စလုံးက ယောကျာ်းလေးတွေချည်းပဲဆိုတော့ ဇာတ်ညွှန်းပြောင်းရမယ့် အနေအထားမှာရှိသည်။ ဒါပေမယ့် ကိုယ်နဲ့သူနဲ့က ဘာမှမှမဟုတ်တာ..။ အေးအေးဆေးဆေးသာ ပြုံးပြလိုက်သည်..။

"မတွေ့တာကြာပြီနော်! ကိုသောင်းကြီး!"

"ခွီး.."

ဒီရီသံက သူ့လက်ကို ဖမ်းဆွဲထားတဲ့ ကိုသောင်းကြီးဆီက လာတာမဟုတ်ဘဲ ပြောင်းဖူးမွှေးဆီက လာတာ..။

"Ritty! မင်းဘယ်လိုဖြစ်နေတာလဲ"

မင်းမြတ်တစ်ယောက်လုံး ရှေ့မှာရှိနေတာတောင်မှ မင်းမြတ်နာမည်ကို တစ်ခါပဲခေါ်ပြီး ပြောင်းဖူးမွှေးရဲ့နာမည်ကို နှစ်ခါတောင် ခေါ်ပြီးပြီ..။

"မင်းမြတ် ကျောင်းကနေပြန်ရောက်ပြီလား..ကိုယ့်ဆီလာတာလား"

၉လွှာက သူ့အခန်းရှေ့ကိုရောက်နေပြီး ညနေတောင်စောင်းနေမှတော့ သူ့ဆီလာတာမဟုတ်ဘဲ ၉လွှာစောင့်နတ်ဆီလာတာလို့ ရွဲ့ပြောလိုက်ချင်ပေမယ့်... ပြောင်းဖူးမွှေးနဲ့ ကိုသောင်းကြီးက ဘာတော်လဲဆိုတာကို အရမ်းစူးစမ်းချင်နေတာကြောင့်..

"သော့ပြန်လာပေးတာ"

ဟုဆိုကာ ကိုင်ခံထားရတဲ့လက်ကို ဖြုတ်ချမပစ်သေးဘဲ အားနေတဲ့လက်တစ်ဖက်ကို သုံးပြီး ဘောင်းဘီအိတ်ထဲက သော့ကို ထုတ်ပေးလိုက်သည်။

"မင်းမြတ် လာချင်တဲ့အချိန်လာလို့ ရအောင်ပေးထားတာလေ..၊ ကိုယ်က ဘာလို့ပြန်ယူရမှာလဲ..၊ လာ အထဲဝင်စို့"

3.My Babe True Love S-3 (Completed)Where stories live. Discover now