Episode(22)

2.7K 325 277
                                    

(Unicode)

Long Distance Relationship...

ဒီစကားကို သမီးရည်းစား အတွဲတွေဆီကနေ မင်းမြတ် ခဏခဏကြားဖူးသည်။ အနေဝေးတာမို့ အသေဆွေးလို့ကောင်းတဲ့အပြင် မြဲတဲ့အတွဲကလည်း မြဲသလို ကွဲတဲ့အတွဲကလည်း ကွဲသည်။ အခုလည်း မင်းမြတ်နဲ့ ကိုသောင်းကြီးက LDRSဘဝကို ရောက်ကြရတော့မည်။ သူများအတွဲတွေက သွားပြီးရင် ပြန်လာဖို့ သေချာပေမယ့် ကိုသောင်းကြီးကတော့ ဟိုမှာနေတဲ့သူဆိုတော့ ပြန်လာဖို့မသေချာ..။ မင်းမြတ် လိုက်သွားဖို့ကလည်း လမ်းစတောင်မမြင်..။ ဒီအတိုင်းဆိုရင် ဖုန်းထဲကနေပဲ အလွမ်းသယ်ပြီး.. ကြာလာရင် ပြတ်သွားကြမှာပဲ..။

ဒီလိုတွေဖြစ်အောင်ဖန်တီးခဲ့တဲ့ ကိုသောင်းကြီးကို မင်းမြတ်အရမ်းစိတ်ဆိုးသည်။ အချိန်တန်လို့ အိမ်ပြန်တယ်ဆိုရင် ဘာလို့ မင်းမြတ်ကို လိုက်ခဲ့သေးလဲ။ ဘာလို့ မင်းမြတ်ကို ချစ်တယ်လို့ ပြောခဲ့သေးလဲ။ ဘာလဲ.. ရင်ထဲကမပါဘဲ လျှာဖျားကနေထွက်ကျလာတဲ့ စကားတွေလား..။

အခုချိန်ကျမှတော့ စိတ်ဆိုးရုံကလွဲပြီး မင်းမြတ် လုပ်နိုင်တာမှမရှိတာ..။ ပြန်မယ့်သူက ပြန်မယ်ဆိုတော့လည်း ကျန်မယ့်သူက ကျန်ခဲ့ရမှာပေါ့..။ ဒါပေမယ့် ဆက်ငင်ဆက်ငင် ဖြစ်နေမယ့် သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးကို မင်းမြတ်ဘက်ကနေစပြီး ဖြတ်တောက်ပေးလိုက်မည်...။ ဒါမှ ကိုသောင်းကြီးလည်း စင်္ကာပူကို လွတ်လွတ်ကျွတ်ကျွတ်ပြန်ပြီး အသစ်လေးဘာလေးရှာလို့ရမှာ..။

"ကောင်လေး ဦးလေး ဘယ်ကိုမောင်းပို့ရမှာလဲ"

"ဗျာ..."

လမ်းပေါ်မှာ ဖြတ်သွားတဲ့ Taxiကို လှမ်းတားပြီးသာ ထွက်လာခဲ့ရပေမယ့်..တကယ်တော့ ဘယ်ကိုသွားရမှန်းမသိ..။ ထုံးစံအတိုင်း ဝေယံတို့အိမ်လို့ စဉ်းစားမိပြန်တော့.. ကျုရှင်လာတက်တဲ့ ကလေးတွေကြားထဲမှာ ထိုင်မနေချင်..။ ဒါကြောင့် ဝေယံထက်စာရင် တိုင်ပင်ဖော်ရသေးတဲ့ ဝေသာ့အိမ်ရဲ့ လိပ်စာကိုပဲ ပြောပေးလိုက်သည်။

ဝေသာတို့အိမ်ရှေ့ကို ရောက်တော့မှ မင်းမြတ်ရဲ့ရွေးချယ်မှု မှန်ကန်ကြောင်းသိလိုက်ရသည်။ လမ်းထိပ်မှာရှိတဲ့ ဝေယံတို့အိမ်ကနေ ထွက်လာတဲ့ စာအော်ကျက်သံတွေက ဝေသာတို့အိမ်ထိတောင် ကြားနေရသည်။

3.My Babe True Love S-3 (Completed)Where stories live. Discover now