Episode(17)

2.7K 331 296
                                    

(Unicode)

"မဟော်မင်းမြတ် ဒါဘယ်လဲ"

မနက်မိုးလင်းလို့ မျက်နှာသစ်၊ မနက်စာစားပြီးတာနဲ့ ကျောပိုးအိတ်ကိုဆွဲကာ အခန်းထဲကထွက်လာတဲ့ ညီဖြစ်သူကို မဟော်မင်းဝေ လှမ်းမေးလိုက်သည်။ ကျောင်းပိတ်ရက်လေးမှာတောင် အိမ်ကပ်မယ်စိတ်မကူးဘဲ အပြင်ထွက်ဖို့ ပြင်နေတဲ့ မင်းမြတ်ရဲ့အဖြေကို မပြောလည်းသိတယ်ဆိုပေမယ့် အစ်ကိုကြီးတို့ရဲ့ ဝတ္တရားအရ မေးဖြစ်အောင်ကို မေးပေးလိုက်တာပါ။

"ကိုAlexတို့ အပေါ်ထပ်ကို စာသွားကျက်မလို့၊ ဟီး"

မဟော်မင်းမြတ်တစ်ယောက် ရည်းစားရသွားတဲ့အချိန်ကစပြီး အိမ်မှာဖင်ပူအောင်ထိုင်လှ ဆယ်မိနစ်မို့ ကြာတော့ မသိချင်ယောင်ဆောင်ပေးထားရတဲ့ မင်းဝေကသာ မျက်စိနောက်လာရသည်။ 

"အိမ်မှာပဲ ကျက်လေ၊ သူများကို ဒုက္ခသွားမပေးနဲ့"

"ဟို...ကိုAlexက သူ့အလုပ်အတွက် ဘာသာပြန်ရမှာလေးတွေ ရှိလို့တဲ့၊ သားကို ကူပေးပါဆိုလို့၊ သူက မြန်မာစာ သိပ်မကျွမ်းဘူးလေ.."

မျိုးစုံသောအကြောင်းပြချက်တွေကို တစ်နေ့နဲ့တစ်နေ့ မတူညီအောင်ပေးနိုင်တဲ့ ညီဖြစ်သူရဲ့ ဖြတ်ထိုးဉာဏ်ကို လေးစားသောအားဖြင့် ခေါင်းညိမ့်ပြလိုက်ရသည်။ အိမ်မှာ ပြန်လာအိပ်ပေးတာကိုပဲ ကျေးဇူးတင်လှပါပြီ။ 

"အမေတို့ကို ဖုန်းလေးဘာလေး ခေါ်လိုက်ဦး၊ မေးနေတယ်"

"ဟုတ် ဟုတ် သား အပေါ်ရောက်ရင် ခေါ်လိုက်မယ်၊ သွားပြီ"

ညအိပ်ညနေပဲ ပြန်လာတဲ့အဆောင်သားလေး ကိုမင်းမြတ်တစ်ယောက် သူ့အိမ်သူပြန်သွားပြီဆိုတော့မှ အဆောင်ပိုင်ရှင်ကြီး ကိုမင်းဝေလည်း သန့်ရှင်းရေးလုပ်ငန်းကြီးကို တစ်ကိုယ်တည်း စတင်ရတော့သည်။ 

"ဘုရား..ဘုရား..ကံကောင်းလို့..."

လက်အိတ်ကြီးစွတ်ပြီး သန့်ရှင်းရေးတွေကို နင်းကန်လုပ်နေတဲ့ ကိုကြီးမင်းဝေရဲ့ရှေ့ကနေ အန္တရာယ်ကင်းကင်းလွတ်မြောက်သွားတာနဲ့ မဟော်မင်းမြတ် အရင်ဆုံးတမိတာက ဗုဒ္ဓဘုရား..။ 

မျက်ခုံးကြီးတွန့်ထားတဲ့ ကိုကြီးရဲ့ အကြည့်ဆိုးဆိုးကြီးကိုမြင်ပြီး  ပေါ်တော့မယ်ထင်နေတာ..။ အလျှောက်ကောင်းလို့ တော်သေးတယ်။ အနည်းငယ်လန့်သွားတဲ့ လိပ်ပြာလေးကို ရင်ဘတ်လေးပုတ်ကာ ပြန်သိပ်ရင်း ကိုးလွှာကို မြန်မြန်တက်လာခဲ့လိုက်သည်။ ကိုကို့အခန်းရှေ့ကို ရောက်တာနဲ့ သော့ကိုနှိုက်ပြီး တံခါးဖွင့်ဖို့စိတ်ကူးလိုက်ပေမယ့် ကိုကိုဘယ်လိုအရှိန်မျိုးနဲ့ တံခါးလာဖွင့်ပေးမလဲဆိုတာကို သိချင်လာတာကြောင့် လူခေါ်ဘဲလ်ကိုပဲ တမင်တကာနှိပ်မိသည်။ 

3.My Babe True Love S-3 (Completed)Where stories live. Discover now