Alex Thaung Tan

7.8K 454 90
                                    

(Unicode)

Hey! It's me, Alex. အားလုံးပဲ..ကိုယ်က Alexသောင်းတန်ပါ။

Self-Introduction လုပ်ပေးပါဆိုလို့ ကိုယ်လာခဲ့တာ..။ ဒါပေမယ့် ဒါက ကိုယ့်ဘဝ.. ကိုယ့်Privacyဆိုတော့ သိပ်ပြီး ချမပြချင်ဘူး။ ဒါကြောင့် အားလုံးစိတ်ဝင်စားလိမ့်မယ်လို့ ထင်တဲ့Fact လောက်ပဲ ကိုယ်ရွေးပြောမယ်။

ပထမဆုံး အားလုံးCuriousဖြစ်နေကြတဲ့ ကိုယ့်နာမည်ဖြစ်ပေါ်လာပုံ ရင်းမြစ်ကို ပြောပြမယ်။ မိဘတွေ အကြောင်းက စပြောကြတာပေါ့။ ကိုယ့်အဖေက မြန်မာစစ်စစ်ဆိုပေမယ့် အမေက Half-German Half-Filipino၊ အရှင်းဆုံး ပြောရရင် နိုင်ငံခြားသူပေါ့။ကိုယ့်ကို ဖြစ်တည်လာစေတဲ့ မိဘနှစ်ပါးရဲ့ Love Storyက မခမ်းနားပေမယ့် အဆုံးသတ်ကတော့ ထူးခြားပါတယ်။ Mama...I mean ကိုယ့်အမေက အလုပ်ကိစ္စနဲ့ မြန်မာပြည်ကို လာရင်း အဖေနဲ့တွေ့ပြီး ကိုယ့်ကို ကိုယ်ဝန်ရှိခဲ့တယ်။ လက်ထက်ခြင်းအစား Single Parentsဘဝကို နှစ်ဦးသဘောတူ ရွေးချယ်ခဲ့ကြတယ်။ အမေကလည်း မြန်မာပြည်မှာ မနေနိုင်သလို အဖေကလည်း Philippinesကို မသွားနိုင်ဘူးလေ။

အဲ့တာကြောင့် ကိုယ့်ကို Manilaမှာ‌မွေးခဲ့ပြီး ကိုယ်၄နှစ်သားလောက် ရောက်တဲ့အချိန်မှာပဲ အမေက အိမ်ထောင်ပြုမယ် ဆိုတော့ အဖေက ကိုယ့်ကို မြန်မာပြည်မှာ နေဖို့လာခေါ်ခဲ့တာ။ အဲ့ဒီအချိန်ကစလို့ ကိုယ့်ရဲ့ဘဝက Step Momဖြစ်တဲ့ မေဇာရဲ့ လက်ပေါ်မှာပဲ ကြီးပြင်းခဲ့ရတယ်။ မေဇာက ကိုယ့်ကို သားအရင်းတစ်ယောက်လိုချစ်ပါတယ်။ Mamaကလည်း အနေဝေးပေမယ့် ကိုယ့်အပေါ် မေတ္တာနည်းသွားတယ်ဆိုတာ မရှိဘူး။ ငယ်တုန်းကတော့ ကျောင်းပိတ်ရင် Mamaတို့ဆီကို ခဏခဏသွားဖြစ်ပေမယ့် ကြီးလာတော့ တစ်ခါတစ်လေမှပဲ ရောက်ဖြစ်တော့တယ်။ 

ကိုယ့်Mamaတို့ပေးခဲ့တဲ့ နာမည်အရင်းက Alexander Schneider။ Schneiderက ကိုယ့်အဖိုးဂျာမနီလူမျိူးရဲ့ surnameလေ။ ဒါပေမယ့် မြန်မာပြည်ကိုရောက်တာနဲ့ ကိုယ့်အဖေဘက်က မြန်မာအဖိုးက Schneiderကိုဖြုတ်ပြီး သူ့နာမည်သောင်းတန်ကို ထည့်ပေးလိုက်တော့ အဲ့ဒီကစပြီး ကိုယ့်နာမည်ကို Alexသောင်းတန်လို့ ပြောင်းခဲ့ရတယ်။

ကိုယ် မြန်မာပြည်ကို စစရောက်တုန်းက မြန်မာစကားမတတ်ဘူး။ မြန်မာလို နားလည်အောင် သင်ရတာနဲ့ပဲ မြန်မာကျောင်းမှာ သူငယ်တန်းစတက်တော့ ကိုယ့်အသက်က ၆နှစ်ဖြစ်နေပြီ..။ အဖေက ကိုယ့်ကို အထက်တန်းအထိပဲ မြန်မာပြည်မှာ တက်ခိုင်းပြီး ဆယ်တန်းအောင်တာနဲ့ Switzerlandမှာ ကျောင်းသွားတက်ဖို့ ပြင်ဆင်ပေးခဲ့ပေမယ့် personal caseတစ်ခုကြောင့် မြန်မာပြည်မှာပဲ ဘွဲ့ယူလိုက်ရတယ်။

3.My Babe True Love S-3 (Completed)Where stories live. Discover now