Episode(1)

5.9K 418 216
                                    

(Unicode)

"Acute Glomerulonephritis?"

"ကျောက်ကပ်ရောင်ခြင်း"

"ကျောက်ကပ်ရောင်ခြင်းရဲ့ ရောဂါလက္ခဏာတွေက?"

"မျက်လုံးတွေ အမ်းလာမယ်၊ ရှုးပေါက်နည်းလာမယ်..."

အနာဂတ်မှာ ထွန်းတောက်လာမယ့်  တက်သစ်စ ကြယ်ကလေးတစ်ပွင့်သည် ပညာရပ်ဆိုင်ရာ ဖတ်စာအုပ်လေး တစ်အုပ်ကိုကိုင်ကာ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်ရင်း သင်ယူလေ့လာစရာများကို ကျက်မှတ်နေပါသည်။ 

"ကျောက်ကပ်ရောင်ရမ်းရခြင်းရဲ့ အကြောင်းရင်းတွေက ဘာတွေလဲ?"

"လည်ချောင်းကိုရောင်စေတဲ့ Strepဆိုတဲ့ ပိုးကောင်ကြောင့်လည်း ဖြစ်နိုင်သလို သွားပြည်တည်ရင်းကနေလည်း ဖြစ်နိုင်တယ်"

စာအော်မှတ်နေရင်းမှာပဲ အတွေးတစ်ခုက ဖြတ်ကနဲ ဝင်လာတာမို့ ကျက်လက်စစာအုပ်ကို လက်နှစ်ဖက်နဲ့ ပိတ်ချလိုက်တဲ့အတွက် ကြယ်ကလေးရဲ့ နာမည်ရင်းက စာအုပ်အဖုံးပေါ်မှာ အထင်းသား ပေါ်လာသည်။ ဝိုင်းစက်နေတဲ့ မှင်သားပြာပြာလေးတွေ အော်ပြောပြနေတဲ့ ကြယ်ကလေးရဲ့ နာမည်က..

"မဟော်မင်းမြတ်" 

ဟုတ်ပါသည်၊ လင်းလက်နေတဲ့ ထိုကြယ်ကလေးရဲ့ နာမည်က မဟော်မင်းမြတ်ပါ။ ကြယ်လူသားလေး မဟော်မင်းမြတ်သည် သူ့အကြောင်းကို ပြောပြနေတဲ့ မှင်ပြာဝိုင်းဝိုင်းလေးတွေရဲ့အသံချိုချိုကို  ကြားပုံမရ။ ပါးနှစ်ဖက်ကို ဖောင်းရင်း မျက်ခုံးလေးနှစ်ခုကို ထိစပ်လုနီးပါး ရှုံ့ထားတဲ့ပုံက တစ်စုံတစ်ခုကို မကျေမနပ်ဖြစ်နေပုံပေါ်သည်။ အတန်ကြာမှ ခံတွင်းထဲမှာ ငုံထားတဲ့ လေကို မှုတ်ထုတ်လိုက်ပြီး ဆူပုတ်ပုတ်မျက်နှာထားလေးနဲ့ ရေရွတ်ပါသည်။

"တော်တော်ဆိုးတဲ့ ပိုးကောင်တွေ..၊ လူတွေကို ဒုက္ခပေးဖို့ပဲ ချောင်းနေတာ"

ပြောချင်တာပြောပြီးမှ ခေါင်းကို တချက်ခါရမ်းရင်း ကျက်လက်စ စာအုပ်ကို ဆက်ဖတ်မယ် ပြင်လိုက်တော့ လေနုအေးက အတင်းတိုးဝှေ့လို့လာသည်။

"အား..စိမ့်သွားတာပဲ၊ ဒီနေရာကြီးကလည်း အေးလိုက်တာ"

ဘေးပတ်ပတ်လည်က ဝါးရုံပင်တွေကို လိုက်ကြည့်ရင်း ကိုယ့်လက်မောင်းကို ပြန်ပွတ်ကာ အနွေးဓာတ်ပေးလိုက်ပြီးမှ သူဘယ်ရောက်နေတာလဲလို့ မင်းမြတ် စဉ်းစားလိုက်သည်။
စိမ်းစိုစို ဝါးရုံပင်တွေကြားမှာ အတင်းထိုးဖောက်နေရတဲ့ နေပြောက်လေးတွေကို လေတိုက်တိုင်း ကခုန်ခွင့်ပေးထားတဲ့ နေရာ..။ ကွေ့ကောက်စီးဆင်းလာတဲ့ တောင်ကျစမ်းရေကို စိတ်တိုင်းကျ အော်ဟီးခွင့်ပေးထားတဲ့ နေရာ...။

3.My Babe True Love S-3 (Completed)Where stories live. Discover now