Episode(18)

2.9K 315 379
                                    

(Unicode)

'အစာမကြေသော ထမင်းဝိုင်း'

ဒါက..မျက်စိရှေ့က သုံးယောက်ကို တစ်လှည့်စီကြည့်ပြီး မင်းမြတ် ခေါင်းစဉ်တပ်ပေးလိုက်မိတဲ့ လက်ရှိအခြေအနေပဲ ဖြစ်ပါသည်။

ကိုကြီးခွားကို အမှုန့်ကြိတ်ပစ်ချင်နေတဲ့ အကြည့်စူးစူးတွေနဲ့ ကြည့်နေတဲ့ ကိုကိုရယ်..

မင်းမြတ်နဲ့ကိုကြီးခွားရဲ့ ရင်းနှီးမှုကို စိတ်ထဲကနေကြိတ်ပြီး အဖြေရှာနေဟန်ရှိတဲ့ ကိုကြီးရယ်..

ကိုကိုနဲ့မင်းမြတ်ကို ကြည့်ပြီး ကြိတ်ရီနေတဲ့ ကိုကြီးခွားရယ်..

ဒီလိုအချိန်မှာ စားတဲ့ထမင်းက ထောင်းကျွေးရင်တောင်မှ နင်သွားနိုင်တဲ့ အနေအထားကို ရောက်နေသည်။ မင်းမြတ်ကို ပိုပြီးထမင်းနင်စေတာက ကိုကြီးခွားကများ ကိုကိုနဲ့သူ့အကြောင်းကို ကိုကြီးရှေ့မှာ ပြောချလိုက်ရင်ဆိုတဲ့ အတွေး..။ တွေးရင်းတွေးရင်းနဲ့ ချွေးစေးတွေတောင် ထွက်လာရသည်။ ကိုကြီးခွားရဲ့ ပါးစပ်ကို ဘယ်လိုပိတ်ရပါ့မလဲ..။

"ပိုးခွားက မင်းမြတ်တို့နဲ့ဘယ်လိုသိတာလဲ"

ကိုကြီးခွားကို ချစ်စနိုးနဲ့ ပိုးခွားလို့ ခေါ်နေတဲ့ ကိုကြီးက စပြီးမေးခွန်းထုတ်လာတာမို့ ကိုကြီးခွားက ပြန်ဖြေပေးဖို့အတွက် ပါးစပ်အဟမှာပဲ..

"ဪ...ကိုကြီးခွားက သားလိုပဲ ကိုAlexနဲ့ ညီအစ်ကိုလို ခင်တာလေ..။ ကိုAlexကနေတဆင့်သိတာ..။ နော့..ကိုကြီးခွား..နော့"

လို့ မရမကဖြတ်ပြောပစ်လိုက်ကာ 'ကိုကြီးခွားရယ်..ကိုကြီးကိုမပြောပါနဲ့' ဆိုတဲ့စကားဝှက်အတွက် အသနားခံမျက်ဝန်းများနဲ့ စေ့စေ့ကြည့်ပေးလိုက်တော့ ကိုကြီးခွားက ထရီပါသည်။

"ဟော်လေး ပြောသလိုပဲ..၊ ဟော်လေးက Pee Alexနဲ့ ညီအစ်ကိုလို ခင်တာဆိုပေမယ့် ကျွန်တော်ကတော့ Peeနဲ့ ခဏလောက်တွဲလိုက်သေးတယ်"

ကိုကြီးခွားက မင်းမြတ်တို့အကြောင်းကို ဖွင့်မချဘဲ သူ့အကြောင်းသူသာ ဖွင့်ပြောနေလို့ ရင်အေးရတယ်ဆိုပေမယ့် သူ့အကြောင်းမှာလည်း ကိုကိုကပါနေတာဆိုတော့ ရင်ကပူရပြန်ရော..။ မီးစတစ်ဖက်၊ ရေမှုတ်တစ်ဖက်ဆိုတာက ဒီလိုအခြေအနေကို ပြောတာထင်ပါရဲ့။

3.My Babe True Love S-3 (Completed)Where stories live. Discover now