(Unicode)
"ကိုAlex!"
မမျှော်လင့်ထားတဲ့ မျက်နှာကို မထင်မှတ်ထားတဲ့ အချိန်မှာ မြင်တွေ့လိုက်ရတာကြောင့် မင်းမြတ် လှဲနေရာမှ ချက်ချင်းထထိုင်လိုက်သည်။
"ခင်ဗျား ကျွန်တော့်အခန်းထဲကို ဘယ်လိုရောက်နေတာလဲ!"
"မင်းမြတ်..."
သူ့ကုတင်ပေါ်မှာ လာထိုင်ပြီး ခေါင်းငိုက်စိုက်ချထားသူကို မွေးရာပါ နဂါးမျက်စောင်းတွေသုံးပြီး မင်းမြတ် စိုက်ကြည့်မိသည်။
"ဘာအခုမှ မင်းမြတ်လဲ! အခုပြန်! ကျွန်တော် ခင်ဗျားနဲ့စကားမပြောချင်ဘူး"
"ကိုယ် တောင်းပန်ပါတယ်.."
တစ်ခြားတစ်ယောက်လို့ အထင်မှားလို့ရလောက်အောင် ကိုAlexရဲ့ အသံက ပုံမှန်ထက်ပိုပြီး အားလျော့ကာ တိုးတိတ်လို့ နေပါသည်။
"ကိုယ် မင်းမြတ်ကို မအော်လိုက်သင့်ဘူး၊ ကိုယ် တကယ်တောင်းပန်ပါတယ်"
တောင်းပန်ရင်း တောင်းပန်ရင်းနဲ့ ကိုAlexရဲ့ အသံတွေက တုန်ရီလာတယ်လို့ ခံစားနေရတာကြောင့် မင်းမြတ်ရဲ့ရင်ထဲမှာလည်း ဝမ်းနည်းမှုတွေက လှိုက်တက်လို့လာသည်။
"ခင်ဗျား တော်တော်မကောင်းတာပဲ ကိုသောင်းကြီး"
"အားလုံးက ကိုယ့်အမှားပါ..ကိုယ် မကောင်းတာပါ"
"ခင်ဗျားက ကျွန်တော့်ကို လူရှေ့သူရှေ့မှာအော်တာလေ!"
"ကိုယ် ခဏလေးစိတ်လွတ်သွားလို့ပါ..၊ ကိုယ် အရမ်းမှားသွားတယ်..၊ မင်းမြတ် ကိုယ့်ကို ခွင့်လွှတ်ပါနော်..၊ မင်းမြတ်စိတ်ပြေအောင် ကိုယ် ဘာလုပ်ပေးရမလဲ..."
မင်းမြတ် ကိုသောင်းကြီးကို ကြည့်ရင်း သက်ပြင်းတစ်ချက်ချလိုက်မိသည်။ ဒီလောက်တောင်းပန်နေတာကိုမှ သူ့ဘက်က စိတ်မလျှော့ရင် မင်းမြတ်လွန်ရာကျတော့မည်။ ကိုAlexကိုကြည့်ရတာလည်း အရူးတပိုင်းဖြစ်နေရှာပြီ။
"နောက်တစ်ခါ ကျွန်တော့်ကို သူငယ်ချင်းတွေရှေ့မှာ မအော်နဲ့"
"စိတ်ချ ကိုယ် နောက်ဆို လုံးဝမအော်တော့ဘူးနော်"
"တကယ်နော်"
YOU ARE READING
3.My Babe True Love S-3 (Completed)
RomansaLove is not a Game✗ Never bet on Love✘ Love is not a toy✗ Never play with Love✘ (19.05.2021 - 11.06.2021)