Episode(11)

2.6K 329 427
                                    

(Unicode)

"လူအချင်းချင်း၊ လှည့်ပတ်ခြင်း၊ ကင်းရှင်းကြပါစေ"

"အထင်သေးခြင်း၊ အချင်းချင်း၊ ကင်းရှင်းကြပါစေ"

TVမှာ လာနေတဲ့ မေတ္တာပို့ကို နားထောင်ရင်း ဟက်ကနဲမြည်သွားတဲ့အထိ ခပ်ရွဲ့ရွဲ့ရီလိုက်မိသည်။ လောကကြီးက မဟော်မင်းမြတ် တစ်ယောက်တည်းကိုပဲ ကွက်ပြီး မေတ္တာပို့ဆယ့်တစ်ပါးထဲက တစ်ပါးကို ချန်ပေးခဲ့သလားမသိ..။ 

ပါးအထက်ကို ကျဆင်းလာတဲ့ ပူနွေးနွေးစီးကြောင်းကြီးကို လက်နဲ့သုတ်ပြီး ကြည့်လိုက်မိတော့ လက်ဖဝါးထဲကို ပါလာတာက အရည်ကြည်ကြည်တွေ...။ ဪ..ဒါကို အသည်းကွဲမျက်ရည်လို့ ခေါ်တာ ထင်ပါရဲ့...။

"မင်းတို့ မရှက်ဘူးလား ဟမ်!! ဘာလို့ကျလာတာလဲ!! ရီနေရမှာကွ!!"

အားလုံးပြီးဆုံးပြီဆိုပေမယ့် မွန်းကြပ်နေတဲ့ ရင်ဘတ်ကြောင့် လက်ထဲက မျက်ရည်စများကိုသာ အပြစ်ဖို့မိသည်။ သူတို့ကသာ အပျော်သဘောနဲ့ ဆော့ခဲ့ကြတာဆိုပေမယ့် မင်းမြတ်ကတော့ ခက်ရာခဲဆစ် လက်ခံထားရတဲ့ ခံစားချက်တွေကို ရင်းလိုက်ရတာမို့ အမှန်အတိုင်းပြောရင် ဒီပွဲမှာ မင်းမြတ်ကသာ အရှုံး..ပြီးတော့ ဉာဏ်တုံး...။ ကိုယ့်ကို ကစားနေမှန်း မသိအောင်ကို လူတိုင်းကို ကိုယ့်လိုပဲလို့ ထင်ခဲ့မိတဲ့ ကိုယ့်ကိုကိုယ်သာ စိတ်နာသည်။ ပြီးတော့..ကိုသောင်းကြီး...

"ခင်ဗျားက ရက်စက်တဲ့မကောင်းဆိုးဝါးကြီးဆိုတာကို ကျွန်တော် သိခဲ့သင့်တာ ကိုသောင်းကြီး..။ ခင်ဗျား သရုပ်ဆောင် သိပ်ကောင်းတယ်"

ဒီလို အရူးတပိုင်းအတုံးတပိုင်း ဖြစ်အောင် ကိုယ့်ကို လှည့်စားသွားတဲ့ လူယုတ်မာကို စိတ်နာမုန်းသာ မုန်းပစ်လိုက်ချင်ပေမယ့် တိုက်ဆိုင်လာတိုင်းမှာ ပြေးပြေးသတိရမိတဲ့ ထိုလူယုတ်မာရဲ့ အယုအယတွေနဲ့ ဂရုစိုက်မှုတွေက ကြားခံနေတာကြောင့် ဘယ်လိုမှမလွယ်ကူ...။ 

"အား!! ရည်းစားက မထားလိုက်ရဘူး..စောက်သည်းက ကွဲရပြီ...။ ငါ တော်တော်ကံဆိုးတဲ့လူပါ့လား!!"

ဆိုဖာလက်ရန်းနဲ့ ခေါင်းကို ပစ်တိုက်ရင်း အသားကုန်အော်ဟစ်ပေါက်ကွဲပစ်မိသည်။ ပြီးတော့မှ မူးသွားတဲ့ ကိုယ့်ခေါင်းကို ကိုင်ကာ ငုတ်တုတ်ပြန်ထိုင်ရင်း ကိုယ့်ကိုကိုယ်နှစ်သိမ့်မိသည်။

3.My Babe True Love S-3 (Completed)Where stories live. Discover now