(Unicode)
မနက်ခင်း ကျောင်းလိုက်ပို့သည့် လမ်းပေါ်တွင်ဖြစ်ပါသည်။ ကိုကို့ရဲ့ အချစ်တော်လေး မဟော်မင်းမြတ်သည် ကားမောင်းနေသည့် ကိုကို့ကို ဘေးနားထားကာ ခါးကြောကိုဆွဲဆန့်ရင်း မျက်ရည်တွေဝဲတက်လာသည်အထိ သန်းဝေနေပါသည်။
"ဝါး...အိပ်ချင်လိုက်တာ.."
"ကိုကို့Babeလေး..ညကအိပ်ရေးမဝဘူးလား.."
ကိုကိုက မင်းမြတ်ရဲ့ပါးလေးကို အသာလှမ်းကိုင်ရင်း အကျိုးအကြောင်းမေးမြန်းလာတော့...
"မနေ့ညက စာလုပ်ပြီးတော့ အိပ်မပျော်လို့ ဖုန်းသုံးလိုက်တာ..မျက်စိကြောင်ပြီး အိပ်မရတော့ဘူး"
လို့ အမှန်အတိုင်းပြောပြလိုက်သည်။
"Babeကလည်း ညနက်နေရင် ဖုန်းမသုံးနဲ့တော့လေ.."
"ကျွန်တော်လည်း မသုံးချင်ပါဘူး..လက်က ရပ်လို့မရတာ..ဟီး.."
"ကိုကို နားလည်ပါတယ်၊ Babeမျက်လုံးပျက်မှာစိုးလို့ ပြောတာ၊ နောက်ဆိုလျှော့သုံးနော်..ဟုတ်ပြီလား.."
"Yes Sir၊ ဟုတ်သားပဲ ကိုကိုက လိုင်းသိပ်မသုံးဘူးနော်..အသက်ကြီးသွားလို့များလား"
လိုင်းသုံးနည်းခြင်းနဲ့ အသက်အရွယ်ရလာခြင်းကို တိုက်ရိုက်အချိုးချပစ်လိုက်တဲ့ မင်းမြတ်ကို ချက်ချင်းကန့်ကွက်လာသူက ကိုကိုရယ်ပါ..။
"မဆိုင်ပါဘူး Babeရယ်၊ ကိုကိုက ကျောင်းတက်ကတည်းက အသုံးနည်းတယ်။ Finalမှာလား 3rd Yearမှာလား..မသိဘူး..၊ လိုင်းပေါ်ကနေ နှောင့်ယှက်ခံရကတည်းက သုံးကိုမသုံးချင်တော့တာ..။ ကိုကိုက Babeကြောင့် ပြန်သုံးတာနော်"
ကိုကို့ရဲ့စကားကြောင့် အိပ်ချင်နေတဲ့ မင်းမြတ်လေးတောင် အိပ်ချင်ပြေသွားရသည်။ ကိုကိုက နှောင့်ယှက်ခံရတယ်ဆိုပါလား..။
"ကိုကို့ကို နှောက်ယှက်တယ်"
"ဟုတ်တယ်..Babeရဲ့။ ကိုကို့Accountကို ဘယ်ကနေ ဘယ်လိုရှာတွေ့ကြလဲ မသိပါဘူး..။ တစ်နေ့နဲ့တစ်နေ့ အောင်သွယ်တော်တွေနဲ့ရော..၊ လာကြောင်တဲ့သူတွေနဲ့ရော ဗြောင်းကိုဆန်နေတာ"
မင်းမြတ် သိသွားပြီ..။ လတ်စသတ်တော့ ကိုကိုက နှောင့်ယှက်ခံရတာကို ပြောပြချင်တာမဟုတ်ဘဲ..သူ ဘယ်လောက်စွံခဲ့လဲဆိုတာကို ပြောပြချင်တာကိုး..။
YOU ARE READING
3.My Babe True Love S-3 (Completed)
RomanceLove is not a Game✗ Never bet on Love✘ Love is not a toy✗ Never play with Love✘ (19.05.2021 - 11.06.2021)