(Unicode)
"ကိုကြီးကလည်း နောက်ကျလိုက်တာ..၊ ဖုန်းဆက်လိုက်ရမလား..၊ မဖြစ်သေးပါဘူး.."
အောင်သွယ်တော်လေး မဟော်မင်းမြတ်သည် ကျောင်းကနေ ပြန်ရောက်တာနဲ့ ကိုကို့အခန်းကိုတောင် မသွားနိုင်သေးဘဲ ဧည့်ခန်းထဲမှာထိုင်ရင်း ကိုကြီးပြန်အလာကို စောင့်မျှော်နေပါသည်။ မနက်ခင်းကမှ လိပ်စာပေးလိုက်တာကို နေ့တောင်အကူးမခံဘဲ ချက်ချင်းသွားရှာတဲ့ ကိုကြီးကြောင့် ကိုကြီးအချစ်ဦးလား..၊ ကိုကြီးခွားအချစ်ဦးလားဆိုတာတောင် မင်းမြတ်မသဲကွဲချင်တော့..။
အခုလည်း ကြည့်ပါ့လား..၊ သွားတာကိုပဲ လှမ်းပြောပြီး စာမလာ၊ သတင်းမကြားဖြစ်နေတော့ မင်းမြတ်ကပဲ ရင်တမမနဲ့ စိတ်ပူပေးနေရပြန်ပြီ...။
ကိုကြီးခွားက သူ့အချစ်ဦးနဲ့ ပြန်ပေါင်းထုပ်သွားပြီလား..
ကိုကြီးတစ်ယောက်တော့ အရက်ဘားမှာ မူးပြီး မှောက်နေပြီလား..
ဆိုတဲ့ အတွေးတွေက ဦးနှောက်ထဲကို အဆက်မပြတ်ဝင်လာသည်။
"ဖုန်းဆက်ကြည့်မှပါ"
ကိုယ့်စိတ်ကို ထိန်းမရတော့တဲ့အဆုံး..ဖုန်းကိုကောက်ကိုင်လိုက်စဉ်မှာပဲ ဧည့်ခန်းထဲကို အသံတိတ်ဝင်လာသူက မင်းမြတ်မျှော်နေတဲ့ ကိုကြီးမင်းဝေ..။
"ကိုကြီး တွေ့ခဲ့လား၊ ဘယ်..ဘယ်လိုဖြစ်သွားလဲ"
ညိုးတာနဲ့လန်းတာကို ရောပြွန်းထားတဲ့ ကိုကြီးရဲ့မျက်နှာပေးကြောင့် ဘာတွေဖြစ်ခဲ့လဲဆိုတာကို ခန့်မှန်းကြည့်လို့မရ..။
"ဟင်း...တွေ့ခဲ့တယ်.."
ကိုကြီးက သက်ပြင်းကို အရင်ချပြီးမှ ဆိုဖာပေါ်မှာ ဝင်ထိုင်သည်။
"တွေ့ခဲ့တယ်! အဲ့ဒီတော့.. ကိုကြီးခွားပါသွားပြီလား!!"
ဒိန်းကနဲခုန်သွားတဲ့ နှလုံးသားနဲ့အတူ ရှေ့တည့်တည့်မှာထိုင်နေတဲ့ အသည်းကွဲသမားလေး မောင်မင်းဝေကို သနားတဲ့မျက်ဝန်းတွေနဲ့ ကြည့်လိုက်မိသည်။
"ဟိုက..အိမ်ထောင်ကျပြီး ကလေးတောင်ရနေပြီ၊ ကိုစိုင်းတဲ့..၊ သူ့ကိုကြည့်ရတာ ပိုးခွားကိုတော့ ရိုးရိုးသားသားပါပဲ"
YOU ARE READING
3.My Babe True Love S-3 (Completed)
RomanceLove is not a Game✗ Never bet on Love✘ Love is not a toy✗ Never play with Love✘ (19.05.2021 - 11.06.2021)