(Unicode)
မနက်ခင်းနေရောင် ပြိုးတို့ပြောက်တောက် ထိုးရိပ်ကျနေသော အခန်းထဲတွင် ဆရာဝန်လောင်းလေး မဟော်မင်းမြတ်သည် ဂျုတီကုတ်အဖြူလေးကို ဝတ်ဆင်ကာ ကျောင်းသွားရန် ပြင်ဆင်လျက်ရှိသည်။
ကျောင်းဖွင့်ခါနီးမှ ပြန်လည်ပုံသွင်းထားသော ဆံပင်တိတိတိုတိုကို ခေါင်းဖြီးလေးတစ်ချောင်းသုံးပြီး မရရအောင် ဖြီးညှိရင်း နာရီကို တချက်လှမ်းကြည့်လိုက်မိတော့မှ ကွေးနေသော မျက်ဝန်းချိုချိုလေး တစ်စုံက အနည်းငယ် ဝိုင်းစက်သွားသယောင်ရှိသည်။
"နောက်ကျနေပြီ..နောက်ကျနေပြီ....နာရီ..နာရီ.."
အဖေဖြစ်သူ လက်ဆောင်ပေးထားတဲ့ လက်ပတ်နာရီလေးကို လက်ကောက်ဝတ်မှာ ပတ်ပြီး ကျောပိုးအိတ်ကို ကောက်ကိုင်လိုက်ပြီးမှ ဘက်စုံလစ်ဟင်းမှုမရှိစေအောင် ကိုယ့်ကိုကိုယ် စစ်ဆေးရသည်။
"စာအုပ်တွေပါပြီ..၊ ဖုန်းပါပြီ၊ Power Bankပါပြီ..၊ ပိုက်ဆံအိတ်လည်းပါပြီ..၊ Tissueလည်းပါပြီ..ရပြီ"
အားလုံးပြည့်စုံတာ သေချာပြီဆိုတော့မှ အခန်းအပြင်ဘက်ကို ထွက်မယ်လုပ်တော့ တစ်ခုခုကျန်နေသေးတာကို သတိရသွားသည်။
"အာ....ရေမွှေး..ငါ့ဆွဲဆောင်မှုလေး ကျန်ခဲ့ပြီ"
မင်းမြတ်က ထသွားထလာကိစ္စမပြောနဲ့ ပွဲကြီးပွဲကောင်းမျိုးတွေရှိရင်တောင် ရေမွှေးပုလင်းကိုကိုင်လေ့မရှိပေမယ့် ကျောင်းသွားရင်တော့ ရေမွှေးကို မမေ့မလျော့၊ မဖြစ်မနေစွတ်လေ့ရှိသည်။
ဒါပေမယ့် ရေမွှေးတိုင်းကို စွတ်တာမဟုတ်..၊ မင်းမြတ်ရဲ့ ကိုယ်ပိုင် ကိုယ်သင်းနံ့လို့ ခံယူထားတဲ့ Floris 1976ရဲ့ လာဗန်ဒါအနံ့တစ်မျိုးကိုပဲ စွတ်တာ..။ ဈေးတော့ကြီးပေမယ့် အနံ့က အကြာကြီးစွဲပြီး သင်းလည်းသင်းတယ်လေ..။
မင်းမြတ်က ရေမွှေးစွတ်ရတာကို အကြိုက်ကြီးတော့မဟုတ်ပေမယ့် ကျောင်းတက်ရင် ကျောင်းက စီနီယာ၊ဂျုနီယာချောချောလေးတွေအားလုံးက သူ့အပြုံးကို ကြွေရင်ကြွေ..မကြွေရင် အနံ့ကိုကြွေဆိုတဲ့ စိတ်ကူးနဲ့ ကျောင်းသွားတိုင်း သင်းနေအောင် စွတ်လေ့ရှိသည်။ ဒါ့ကြောင့် တခြားပစ္စည်းမေ့ကျန်ခဲ့တာ အကြောင်းမဟုတ်ပေမယ့် ဆွဲဆောင်မှုကတော့ ဘယ်လိုမှ မေ့ကျန်ခဲ့လို့မဖြစ်။
YOU ARE READING
3.My Babe True Love S-3 (Completed)
RomanceLove is not a Game✗ Never bet on Love✘ Love is not a toy✗ Never play with Love✘ (19.05.2021 - 11.06.2021)