(Unicode)
တချက်ချက်နဲ့ ရှေ့ကိုပြေးနေတဲ့ တိုင်ကပ်နာရီကို မော့ကြည့်ရင်း ရင်ခုန်သံတွေဆူညံနေသော မဟော်မင်းမြတ်လေးသည် ရည်းစားကိုသောင်းကြီး၏တိုက်ခန်းထဲရှိ ဧည့်ခန်းထဲတွင် ကျောက်ရုပ်လေးတစ်ရုပ်သဖွယ် ငြိမ်သက်လျက်ရှိပါသည်။ ခဏနေကျရင် ကျားနဲ့ဆင်က လယ်ပြင်မှာတွေ့ကြတော့မှာမို့ မြေစာပင်လေး ရင်တုန်နေသည်မှာ အဆန်းမဟုတ်..။
"Babe ဘယ်နှစ်နာရီထိုးပြီလဲ၊ ရောက်ကြတော့မယ် ထင်တယ်။ ကိုကို ဟင်းတွေလာပို့ခိုင်းလိုက်ရတော့မလား"
ကိုကိုက ကိုကောင်းကြီးတို့ကို ဧည့်ခံဖို့အတွက်ညနေစာကို သူ့ထုံးစံအတိုင်း အော်ဒါပဲမှာသည်။ ကိုကိုမေးတာကိုဖြေဖို့အတွက် သေချာကြည့်လိုက်မိတော့မှ ကိုကိုသည် သူ့သက်တူရွယ်တူတွေ လာကြမှာဆိုတော့ အကြောမခံနိုင်ဘူး ထင်ပါရဲ့..၊ ဒီနေ့ကျမှ ခါတိုင်းထက်ပိုပြီး တောက်တောက်ပြောင်ပြောင် ဝတ်စားလို့ထားသည်။ အပြင်မထွက်ရဘူးဆိုပြီး အဖြူဖျော့ဖျော့ပဲ ကောက်ဝတ်ထားတဲ့ ကိုယ့်ကိုကိုယ်ပြန်ကြည့်လိုက်တော့ သူနဲ့ကိုကိုက ရည်းစားနဲ့မတူဘဲ အိမ်ကိုအလည်လာမယ့် ဆရာတွေကို ထိုင်စောင့်နေကြတဲ့ သားအဖနဲ့ တူနေမှန်း သဘောပေါက်လိုက်ရသည်။
"ငါးနာရီတော့ထိုးတော့မယ်။ ပို့ခိုင်းလိုက်တော့လေ"
"Okay ကိုကိုဖုန်းဆက်လိုက်ပြီ"
*တင်း တောင်*
"အောင်မယ်လေးဗျ!"
မင်းမြတ်ရဲ့ဘဝမှာ တင်းတောင်သံသည် ကြောက်ဖို့ကောင်းနေလိမ့်မယ်လို့ တစ်ခါမှထင်မထားခဲ့။ အခုတော့ လူသတ်ကားတွေထဲမှာ အသံကြားတိုင်းလန့်တတ်သွားတဲ့ ခံစားချက်ကို မင်းမြတ် လုံးဝနားလည်သွားပြီ။
"ဟော Babeရေ လာကြပြီထင်တယ်၊ Babeထိုင်နေ..ကိုကိုတံခါးသွားဖွင့်ပေးလိုက်မယ်"
ကိုကိုက အေးအေးဆေးဆေး ထိုင်နေခိုင်းပေမယ့် မင်းမြတ်ကတော့ လက်ကလေးနှစ်ဖက်ကို ရှေ့မှာယှက်ပြီး တရိုတသေနဲ့ မတ်တပ်ထရပ်ထားလိုက်သည်။ အခုလာမယ့် လေးယောက်ထဲမှာ အစ်ကိုချမ်းကလွဲပြီး ကျန်တဲ့သုံးယောက်လုံးကို မင်းမြတ်ကြောက်သည်လေ။
YOU ARE READING
3.My Babe True Love S-3 (Completed)
RomanceLove is not a Game✗ Never bet on Love✘ Love is not a toy✗ Never play with Love✘ (19.05.2021 - 11.06.2021)