Next Level of Relationship

2.6K 299 366
                                    

(Unicode)

Coming Out Of the Closet...

မိမိရဲ့လိင်ပိုင်းဆိုင်ရာ တိမ်းညွှတ်မှုကို အများသိအောင် ဖွင့်ဟဖော်ထုတ်ရာမှာ ရည်ညွှန်းအသုံးပြုတဲ့ ဥပစာစကား..။ အတိုကောက်အားဖြင့် Come Outလုပ်သည်လို့လည်း ပြောကြသည်။ 

ကိုကြီးမင်းဝေ Come Outလုပ်တဲ့နေ့ကို မင်းမြတ်အခုထိမှတ်မိသေးသည်။ အဲ့ဒီနေ့က မင်းမြတ်တို့မိသားစုလေးယောက်စလုံး ဧည့်ခန်းထဲမှာ စုထိုင်နေခဲ့ကြပြီး ကိုကြီးရင်ဖွင့်တာတွေကို ရင်နဲ့ခံစားကာ နားထောင်ပေးခဲ့ကြသည်။

"မေမေတို့ လက်ခံတယ် သား..၊ သားကြောင့် မေမေတို့အားလုံး ပြောင်းလဲထိခိုက်စရာ မရှိပါဘူး၊ သား အဆင်ပြေရင် ပြီးတာပဲ"

ရိုးရှင်းပေမယ့် ခွန်အားအပြည့်ပါတဲ့ စကားလုံးတွေနဲ့ ကိုကြီးမင်းဝေကို ဖေးမအားပေးခဲ့ကြတဲ့ မေကြီးနဲ့ဖေကြီးကို မင်းမြတ် စိတ်ထဲမှာ အရမ်းလေးစားခဲ့မိပါသည်။ အဲ့ဒီအချိန်ကစပြီး အေးချမ်းလွန်းတဲ့ သူတို့ရဲ့မိသားစုလေးက ပိုပြီးနွေးထွေးလာတယ်လို့ မင်းမြတ်ခံစားမိသည်။

ကိုကို့ကို ရင်ခုန်နေတယ်လို့ မင်းမြတ် သိလိုက်ရစဉ်တုန်းက ကိုကြီးကို လွယ်လွယ်ကူကူနဲ့ ရင်ဖွင့်နိုင်ခဲ့ပေမယ့် ကိုကိုနဲ့ စတွဲတဲ့အခါမှာတော့ ကိုကြီးကို ဖွင့်ပြောပြဖို့ အရမ်းကိုကြောက်ခဲ့မိသည်။ ဒါပေမယ့် ကိုကြီးက ဉာဏ်အပြေးလွန်ပြီး သူ့ဘာသာသူသိသွားတာမို့ မင်းမြတ် တကူးတကဖွင့်ပြောနေစရာမလိုခဲ့..။ 

ဒါကြောင့် မိဘနှစ်ပါးသိအောင် ဖွင့်ဟပြောပြရမယ့်နေ့ကိုတွေးပြီး ရင်ခုန်နေခဲ့တာပါ။ မင်းမြတ်ကို အရမ်းချစ်တဲ့ ဖေကြီးနဲ့မေကြီးက ကိုကြီးလိုပဲ  မင်းမြတ်ကိုလည်း လက်ခံပေးမယ်ဆိုတာကို ကြိုသိပါသည်။ မင်းမြတ် Come Outလုပ်တဲ့နေ့ကျရင် ဖေကြီးတို့နှစ်ယောက်ပေးလာမယ့် နွေးထွေးမှုတွေကို စိတ်ကူးယဉ်ခံစားကြည့်ခဲ့ဖူးသည်။ 

အခုတော့.. အဲ့ဒီ့စိတ်ကူးလေးတောင် ဘယ်နားကို လွင့်ထွက်သွားမှန်းမသိ..။ မင်းမြတ်ရဲ့အဖြစ်က မိဘတွေကို Come Outမလုပ်ခင်မှာ Sold Outဖြစ်သွားတဲ့အကြောင်းကို အရင်ကြေငြာလိုက်သလိုပဲ..။

3.My Babe True Love S-3 (Completed)Where stories live. Discover now