𝐂𝐡𝐚𝐩𝐭𝐞𝐫 (4) {𝐔𝐧𝐢𝐜𝐨𝐝𝐞+𝐙𝐚𝐰𝐠𝐲𝐢}

10.5K 1.2K 34
                                    

⭐unicode⭐

"ကြီးကြီးကို ဝိုင်းမကူလည်းရပါတယ် သားတို့ရယ်"

ကြီးကြီးက ဟင်းနုနယ်ရွက်လေးတွေကို အခြွေမပျက်ပါဘဲ ကန်စွန်းရွက်သင်နေသော အုပ်စိုးပိုင်နှင့်မင်းဘုန်းခန့်အား ပြောသည်။

"ရပါတယ်ကြီးကြီးရဲ့၊ ကျွန်တော်တို့လည်း ဘာမှလုပ်စရာမှမရှိတာဘဲကို"

မင်းဘုန်းခန့်က သူ့မူပိုင်သွားစွယ်လေးတွေလှစ်ကနဲပေါ်အောင်ပြုံးရင်ဆိုတော့ ကြီးကြီးက ပြုံးတုံးတုံးလေးဖြင့် ခေါင်းလေးတညိတ်ညိတ်။

အုပ်စိုးပိုင်တစ်ယောက်ကတော့ လက်တွေကသာကန်စွန်းရွက်တွေကို ခြွေနေတာ။
အကြည့်တွေအလုံးစုံကတော့ တစ်ဖက်ခြံ၏အပြင်ဘက်ရှိ ခွေးတစ်အုပ်ကြားထဲက လူတစ်ယောက်ထံမှာသာ တဝဲလည်လည်ကျက်စားနေလို့။

ကြီးကြီး၊ မင်းဘုန်းခန့်နှင့်အုပ်စိုးပိုင်တို့သည် တိုက်ပုလေး၏ ဝရံတာတွင် ကော်ဇောခင်းကာ ထိုင်နေကြခြင်းဖြစ်သောကြောင့် တစ်ဖက်ခြံရှိမြင်ကွင်းများကို ကွက်ကွက်ကွင်းကွင်း မြင်တွေ့ရသည်။

သုခသည် ပေါင်မုန့်အိတ်ကြီးတစ်ထုပ်ကိုကိုင်၍ ခွေးတစ်အုပ်အား မနက်စောစောတွင်အစာကျွေးနေခြင်းဖြစ်သည်။
ထိုအချင်းအရာသည် သည်နေ့တစ်နေ့တည်းဖြစ်စဥ်မဟုတ်။
သုခ၏နေ့တစ်ဒူဝ ​လုပ်ထုံးလုပ်နည်းတစ်ခုပင်။

တစ်ပတ်ဆိုတဲ့ ကာလကလူတစ်ယောက်အကြောင်း လုံးစေ့ပတ်စေ့မသိရင်တောင် လူကောင်းလား၊လူဆိုးလားဆိုတဲ့ အရိပ်အမြွက်လေးကို သိရဖို့လုံလောက်တဲ့အချိန်လို့ပဲဆိုရမလား။

သုခက အပြင်ပန်းကသာ မာကြောနေပုံပေါက်တာ။
အတွင်းစိတ်ထားလေးကတော့ တခြားသူတွေထက် အဆပေါင်းများစွာ နူးညံ့တယ်လို့သူထင်တယ်။

တစ်ခါက သုခတို့အိမ်ရှေ့ကခွေးစာခွက်လေးထဲမှာ ပုရွက်ဆိတ်တွေတက်နေလို့ ခွေးစာမထည့်ဘဲ ပုရွက်ဆိတ်တွေကို တစ်ကောင်ချင်းစီ စိတ်ရှည်လက်ရှည်ထုတ်နေတဲ့ကောင်လေး။

ညနေပိုင်းဆို ရောက်​ရောက်လာတတ်တဲ့ အထုတ်တွေတပွေ့တပိုက်နဲ့ စိတ်မနှံ့တဲ့ညှင်းသိုးသိုးဦးလေးကြီးကို ထမင်းနဲ့ဟင်းတွေထုတ်ပြီးပေးတတ်တဲ့ကောင်လေး။

Someone Ordinary🍁{Completed}Where stories live. Discover now