⭐unicode⭐
"ဒါကို ဘယ်နားရွှေ့ရင်ကောင်းမလဲ?"
အုပ်စိုးတစ်ယောက် နေအပူရှိန်ပြင်းသော နေ့လည်ခင်းကြီးတွင် ခြံထဲမှာ ပန်းအိုးပေါင်းများစွာကြား ဗျာများနေခြင်း။
ဒီမနက်ကပဲ သုခတစ်ယောက် အုပ်စိုးခြံကိုရှင်းလွန်းနေသည်ဟုဆိုကာ ဘွားဘွားကြီးစိုက်ပျိုးထားသမျှပန်းပင်တွေကို အိုးလိုက်ကြီး မပြောမဆိုနှင့် တပြုံတမသယ်ချလာသည်။
ဘွားဘွားကြီးသာ သိသွားရင်တော့ မည်မျှပင် စိတ်ဆိုးလိမ့်မလဲဟုတွေးရင်းခေါင်းတကြိမ်းကြိမ်းဖြစ်ရသူက အုပ်စိုးသာ။
နည်းနည်းလောက် ယူလာခဲ့ရင်မပြောပါဘူး။
အခုဟာ ပန်းခြံထဲမှရှိသမျှ ပန်းမျိုးတွေအကုန်သယ်ချလာသလားအောက်မေ့ရသည်အထိ အိမ်ရှေ့မျက်နှာစာမှာ အရွယ်အစားစုံ၊အမျိုးအမည်စုံ၊အရောင်ကာလာဒီဇိုင်းစုံသည့် ပန်းပင်တွေဖြင့်ပြည့်နေလေပြီ။ထိုအချိန်မှာပဲ အချိန်ကိုက်ဆိုသလို ပန်းပင်တွေကိုခိုးယူသယ်ဆောင်လာခဲ့ပါသော တရားခံကလေးသည် ခြံတံခါးကို တွန်းဖွင့်ကာ အထဲသို့ဝင်လာလေပြီ။
မျက်နှာကလေး ရွှင်နေတာများ နေရောင်ခြည်အောက်မှာ နေမင်းကြီးနှင့်အပြိုင် ထွန်းတောက်လို့။
ပန်းအိုးကြားထဲ စိတ်ရှုပ်ထွေးစွာ ရပ်နေပါသော အုပ်စိုးဆီအသော့နှင်လာတဲ့ ခြေလှမ်းတွေကအစ သွက်လက်ကာ မြောက်ကြွမြောက်ကြွနှင့်။
ဒီကောင်လေး ဘာဝမ်းသာစရာ ကိစ္စများရှိနေပါလိမ့်။
ဘွားဘွားကြီးကို အသိမပေးဘဲ ပန်းပင်တွေအများကြီးယူလာခဲ့လို့ နည်းနည်းလောက်ဆူအုံးမှ ဆိုတဲ့အတွေးတွေပင် ချစ်ရသူရဲ့ မျက်နှာဝင်းဝင်းလေးအောက်မှာ
မီးခို့ငွေ့သဖွယ် လေထဲမှာ ပျောက်ရှသွားလေပြီ။အနားဆီသို့ရောက်တော့ မလှုပ်မယှက်ရပ်နေသည့် အုပ်စိုးရဲ့လက်တစ်ဖက်ကို အသာဆွဲကာ ခုံတန်းအဖြူလေးဆီ ခေါ်ဆောင်သွားတော့ ကောင်လေးခေါ်ဆောင်ရာအနောက်လိုက်ရပြန်လေပြီ။
ခုံလေးပေါ်တွင် အုပ်စိုးကို ထိုင်စေပြီး ချက်ချင်းပင်နံဘေးတွင် နေရာဝင်ယူပါသည့်ကောင်လေး။
YOU ARE READING
Someone Ordinary🍁{Completed}
RomanceU are 'Someone Ordinary',yet the most precious person to me💫