𝐂𝐡𝐚𝐩𝐭𝐞𝐫 (16) {𝐔𝐧𝐢𝐜𝐨𝐝𝐞+𝐙𝐚𝐰𝐠𝐲𝐢}

7.4K 1.1K 102
                                    

⭐unicode⭐

ပေလေးဆယ်ဝန်းကျင်ရှိသော ခြံဝန်းကြီး၏ မျက်နှာစာတွင်ရှိသော ၃၂ပေနီးနီးမြင့်သော ခရေပင်ကြီး။

တုတ်ခိုင်နေတဲ့ပင်စည်၏ထိပ်တွင် ဖြာဝေနေပါသော ချောမွေ့တောက်ပနေသည့် အစိမ်းရင့်ရောင် သစ်ရွက်တွေကလည်း နေရောင်အောက်တွင် ကြွေသဖွယ် တလက်လက်တောက်ပနေသည်။

ခရင်ပင်ကြီးပေါ်တွင်သာမက မြေကြီးပေါ်တွေမှာပါ ဟိုတစ်ဒီတစ်စပြန့်ကျဲနေပါသော ဖွေးဖွေးလှုပ်နေသည့် ခရေပွင့်လေးတွေ။

မြေကြီးပေါ်တွင် ကြွေကျနေသော ခရေပန်းပွင့်လေးတွေကို တစ်ပွင့်ချင်းစီ စိတ်ရှည်လက်ရှည် ကောက်ပြီး အပြာနုရောင် လက်ကိုင်ပုဝါလေးထဲ ထည့်နေပါသော သုခ။

မေမေရှိစဥ်က ဒီနေရာကိုလာလည်တဲ့အခါတိုင်း ခရေပန်းလေးတွေကောက်လေ့ရှိသည်။

မေမေက ကားမူးတတ်သူမို့ ဒီရွာလေးကိုရောက်သည်နှင့် ချက်ချင်းဆိုသလို ခရေပင်အောက်ကို အပြေးသွားသည်ပင်။
ထို့နောက် မြေခနေပါသော ခရေပန်းလေးတွေကိုကောက်ကာ မွှေးကြူလေ့ရှိသည်။

ပန်းလေးရဲ့ရနံ့ကြောင့် ခေါင်းမူးသက်သာသွားတယ်လို့လည်း အမြဲပြောဖူးခဲ့သည်။

ထို့ကြောင့် သူ တစ်စုံတစ်ယောက်အတွက် ပန်းတွေကောက်ပေးနေခြင်းဖြစ်သည်။

အပွင့်ငါးဆယ်လောက်ကျော်သွားသည့်အခါမှာတော့၊ပုဝါလေး၏အစွန်းလေးဖက်ကို သေချာချည်ပြီး အိမ်ပေါ်သို့ ခပ်သွက်သွက် တက်ခဲ့သည်။

အပေါ်သို့ရောက်တော့ အနည်းငယ်အမူးပြေသွားပုံရပါသော အစ်ကိုက သူ့ရဲ့သူငယ်ချင်းဖြစ်သူ ကိုဘုန်းခန့်ရဲ့ ပုခုံးပေါ်တွင်ခေါင်းမှီကာ ထိုင်နေသည်ကို တွေ့လိုက်ရသည်။

အနားသို့ ချည်းကပ်သွားပြီး တင်ပျဥ်ခွေထိုင်နေပါသော သူ၏ပေါင်ပေါ်သို့ ပုဝါဖြင့်ထုတ်ထားသော ခရေပန်းထုတ်လေးကို ဘုတ်ကနဲပစ်ချလိုက်ကာချ​က်ချင်းပင် အိမ်အောက်သို့ ကရောသောပါးပြေးဆင်းလာခဲ့လိုက်သည်။

အုပ်စိုးကတော့ မိမိပေါင်ပေါ်သို့ အထုတ်တစ်ထုတ်ပြစ်ချသွားပြီး၊မေးမည့်မေးခွန်းကိုပင် မစောင့်ပါဘဲ ကမန်းကတန်း ထွက်သွားသူကြောင့် ကြောင်တောင်တောင်လေးကျန်ခဲ့ရသည်။

Someone Ordinary🍁{Completed}Where stories live. Discover now