𝐂𝐡𝐚𝐩𝐭𝐞𝐫 (7) {𝐔𝐧𝐢𝐜𝐨𝐝𝐞+𝐙𝐚𝐰𝐠𝐲𝐢}

8.5K 1.2K 38
                                    

⭐unicode⭐

ဒီလူသားဟာ နွေးထွေးတဲ့ နှလုံးသားတစ်စုံကိုပိုင်ဆိုင်ထားလို့လားမသိ။
သူ့ရဲ့ ရင်ဘတ်နဲ့ပါးပြင်ထိကပ်ထားခြင်းခံရတဲ့ ကျောပြင်ကျယ်ကြီးကပါ အနွေးဓာတ်ကလေးတွေကပြေးလွှားနေသည်။

ပူပင်မှုတွေကိုပါ ကင်းဝေးစေနိုင်တဲ့ နွေးထွေးမှုမျိုး..။

ညလေပြေလေအေးလေး တစ်ချက်ဝေ့ဝဲလိုက်တိုင်း နှာသီးဖျားဆီသို့ လွင့်မြောလာတတ်တဲ့ သင်းပျံ့ပျံ့ ကိုယ်သင်းရနံ့တစ်ခုကို ရှူရှိုက်မိရင်း နှုတ်ခမ်းနှစ်လွှာထက်ပွင့်လန်းခဲ့တဲ့အပြုံးပန်းလှလှလေးတစ်ပွင့်။

အင်း သူ ဒီကောင်လေးအပေါ်မှာ အကြွေးတင်သွားခဲ့ပြီပဲ..။

🌛🌛🌛🌛🌛🌛🌛🌛🌛🌛🌛🌛🌛🌛🌛🌛

ဘုန်းဘုန်းရဲ့ကျောင်းဆောင်သို့ ရောက်တော့ ဘုန်းဘုန်းမှာ သူတို့နှစ်ယောက်ကိုကြည့်ပြီး အံ့သြတကြီးဖြစ်နေသည်။

အကြောင်းစုံကို ရှင်းပြလိုက်တော့ ဘုန်းဘုန်းက ပင့်သက်နုနုလေးချပြီး ထိခိုက်ထားသော ခြေချင်းဝတ်ကိုအကဲခတ်ဟန်ဖြင့် ကြည့်သည်။

ထို့နောက် သစ်သားစားပွဲတစ်ခုနှင့်အတူယှဥ်တွဲပါလာသော အံဆွဲလေးကိုဖွင့်ပြီး ဒဏ်ကြေလိမ်းဆေးတစ်မျိုးကိုယူ၍ပေးသည်။

"ကျေးဇူးပါဘုရား"

"ဒါဆို ဒကာလေးတို့နှစ်ယောက် ဒီညဒီမှာပဲ အိပ်လိုက်တော့"

"တင်ပါ့ဘုရား"

ဘုန်းဘုန်းလည်း ပြောပြီးပြီးချင်း ဘေးချင်းကပ်ရပ်ကကျောင်းဆောင်ဆီသို့ ကြွသွားတော့သည်။.

အခု ဒီသစ်သားကျောင်းဆောင်သေးသေးလေးထဲမှာ သူရယ်၊သုခရယ်နှစ်ယောက်တည်းပဲကျန်တော့သည်။

သုခက အခန်းထောင့်နားလေးတွင်ထောင်ထားသော ဖျာလိပ်လေးကို ခင်းပြီး ခေါင်းအုံးနှစ်လုံးကိုပါကျကျနန နေရာချသည်။
တောကျောင်းလေးမို့ စောင်တွေ၊ခြင်ထောင်တွေတော့မရှိ။
ဝါထိန်ထိန် ဖယောင်းတိုင်မီးလေးက အခန်းကျဥ်းလေးတစ်ခုကိုတော့ လုံလုံလောက်လောက် အလင်းရောင်ပေးစွမ်းနိုင်သည်။

Someone Ordinary🍁{Completed}Where stories live. Discover now