𝐂𝐡𝐚𝐩𝐭𝐞𝐫 (29) {𝐔𝐧𝐢𝐜𝐨𝐝𝐞+𝐙𝐚𝐰𝐠𝐲𝐢}

6.9K 984 38
                                    

⭐unicode⭐

ဟိုကောင် ပို့ခဲ့တဲ့ လိပ်စာအရဒီရပ်ကွက်ပဲ။

မြေနီလမ်းကျယ်ကြီးတွင် လယ်ကွက်တွေကလွဲ
အိမ်ခြေအိမ်ရာတစ်ခုမှမရှိ။

လမ်းအဆုံးတွင် အိမ်အိုကြီးတစ်လုံးရှိသည်။အဲ့ဒီအိမ်ကိုလာခဲ့ဖို့ရာ ဟိုကောင်ပြောထားသည်။

တကယ်ပင် လမ်း၏အဆုံး တစ်အိမ်တည်းထီးထီးကြီးရှိနေပါသော အိုဟောင်းနေပြီဖြစ်တဲ့ တစ်ထပ်အုတ်အိမ်ကြီး။

သံပန်းတံခါးအရှေ့တွင်ရပ်ကာ ဟွန်းကိုအဆက်မပြတ်တီးပစ်လိုက်သည်။

နှလုံးအိမ်တွင်းမှာလည်း အစ်ကို့ကို ဟိုခွေးကောင်တွေတစ်ခုခုလုပ်လိုက်မည် စိုးတဲ့ စိတ်ရော၊ဒေါသစိတ်တွေနှောကာ ပွက်ပွက်ဆူနေလျက်။

တံခါးရဲ့အနောက်ဖက်ကနေ တစ်လှမ်းချင်းစီ ဖြည်းဖြည်းချင်းလျှောက်လာလေတဲ့ ဝဏတပည့်ဖြစ်ပုံရမည့် အကောင်ဟာ သူ့သည်းခံနိုင်စွမ်းတွေကိုတမင်စမ်းသပ်နေသလား။

ကျွီကနဲ ပွင့်ဟသွားတဲ့ ခပ်ဆွေးဆွေးတံခါးချပ်အနောက်မှာ စိတ်လောနေသည်မို့ ခြေလှမ်းတွေကပါ သွက်ချင်နေသည်။

ဒါကိုအလိုက်ကန်းစိုးနားမလည်တဲ့ မအေပေးက သူ့ရင်ဘတ်ကို လက်ဖြင့်လာကာ'ကာ တားနေသည်မို့သိမ်းငှက်နှယ် စူးရဲတဲ့အကြည့်တွေ ပို့လွှတ်လိုက်သည်။

နဂိုကမှစိတ်တွေလွတ်ကာ အမျက်ကြီးနေပါတယ်ဆို။
မထီမဲ့မြင်မျက်နှာပေးဖြင့် မိမိကိုလာစွေကြည့်နေပါသော ကောင်က မျက်ခွက်တွေစုတ်ပြတ်သတ်သည်အထိ အထိုးခံချင်နေပုံထင်ရဲ့။

သို့သော် ​ချစ်ရတဲ့ ပိစိကလေးက ဒီကောင်တွေလက်ထဲမှာဆိုတော့သူ ဒေါသတွေကို ရှေ့တန်းတင်လို့မဖြစ်။

စိတ်မထိန်းနိုင်ဘဲ မိမိအမှားတစ်စုံတစ်ရာလုပ်မိခဲ့လျှင် ထိခိုက်သွားမည်သူက အသည်းအသက်တစ်ခုလုံးမို့။

"အနောက်မှာ လူမခေါ်လာတာသေချာတယ်မလား"

မယုံကြည်နိုင်သလိုမေးလာသည်မို့ သူမျက်ခုံးထူထူနှစ်ခုထိစပ်လုမတတ် မျက်မှောင်ကြုတ်ပြစ်လိုက်သည်။

Someone Ordinary🍁{Completed}Where stories live. Discover now