𝐂𝐡𝐚𝐩𝐭𝐞𝐫 (37) {𝐔𝐧𝐢𝐜𝐨𝐝𝐞+𝐙𝐚𝐰𝐠𝐲𝐢}

7.9K 955 26
                                    

⭐unicode⭐

အချိန်ကား မနက်ခင်း ၈နာရီ။

စာကလေးငှက်ကလေးတွေရဲ့ တေးသီကြူးသံ တဆာဆာသည် ပတ်ဝန်းကျင်တစ်ခွင် ​ဖုံးလွှမ်းလို့။

နေရောင်ခြည်နွေးနွေးလေးသည် ကနေ့ရာသီဥတု သာယာကြောင်းကို ညွှန်ပြလျက်။

သာယာသော နံနက်ခင်းချိန်ခါသမယတွင် ညိုဖျော့ရောင် အိပ်ခန်းလေးရှိ ကုတင်ထက်ဝယ် ဂွမ်းစောင်ထူထူကြားထဲ နစ်မြုပ်နေကာ အိပ်မောကျဆဲ ကောင်လေးတစ်ယောက်။

သိပ်မကြာပါ။
အနှီခပ်သေးသေးလူသားလေးသည် ငြိမ်သက်နေရာမှ လှုပ်တီးလှုပ်တဲ့လေး ဖြစ်လာလေပြီ။

အချိန်လည်း သိပ်မစောတော့ပြီဖြစ်၍ အနှီလူသားလည်း ထချိန်တန်ပါပြီလေ။

ထိုကောင်လေးကတော့ နိုးနေလျက်ပင် တမင်တကာ မထသေးခြင်းဖြစ်သည်။

မျက်ခွံလေးမပွင့်တပွင့်ဖြင့် အိပ်ရာပေါ်မှ ထရမည်ကိုပင် ပျင်းရိနေသည်။

မနေ့ညကလည်း အတော်ပင်ပန်းခဲ့သည်မို့ လူတစ်ကိုယ်လုံး အားအင်မဲ့ကာ နုံးချည့်နေသည်ကြောင့်လည်းပါသည်။

မနေ့ညကဆိုမှ ချစ်ရတဲ့ကောင်လေးသည် အုပ်စိုးမထင်ထားလောက်အောင် သူ့အပေါ်မှာ အများကြီး ငဲ့ညှာပေးခဲ့သည်။

မည်မျှပင် အလိုဆန္ဒတွေ ဖုံးကွယ်ပြီး စိတ်အစဥ်က ပိတ်ပိတ်မှောင်ကာမှိုင်းနေပါစေ အုပ်စိုးနာကျင်ထိခိုက်မည်စိုး၍ တစ်ဆင့်ချင်းဆီသာ စိတ်ရှည်လက်ရှည်သွားပေးသည်။

မျက်နှာလေးတစ်ချက်မဲ့ပြမိရင်တောင် အာသီသတွေကိုဘေးဖယ်ပြီး လှုပ်ရှားမှုတွေကို ချက်ချင်း ညင်သာပေးကာ အုပ်စိုးပါးပြင်နှစ်ဖက်ကိုယုယစွာကိုင်ပြီး ချော့မြူပေးပါသည့် ကောင်ကလေး။

အုပ်စိုးရဲ့ပထမဆုံးအတွေ့အကြုံပေမို့ အနာတရဖြစ်
မည်ကို ပူပန်၍ လိုအင်တွေမပြည့်သေးသော်ငြား တစ်​ကြိမ်တည်းနှင့်ပင် ထပ်မံတောင်းဆိုခြင်းမပြုသည်က ကောင်လေးအား အုပ်စိုးလေးစားရသည့်အချက်ပင်။

ဒါတင်မကသေး ကိစ္စတွေပြီးတဲ့အခါမှာလည်း တစ်ကိုယ်လုံးကို သန့်ရှင်းရေးတွေ အစအဆုံး ဇွတ်လုပ်ပေးသည့်အပြင် သက်တောင့်သက်တာဖြစ်စေမည့် ညအိပ်ဝတ်ချည် အကျီကလေးကို လဲပေးသေးသည်။

Someone Ordinary🍁{Completed}Where stories live. Discover now