𝐂𝐡𝐚𝐩𝐭𝐞𝐫 (33) {𝐔𝐧𝐢𝐜𝐨𝐝𝐞+𝐙𝐚𝐰𝐠𝐲𝐢}

7.4K 1K 33
                                    

[မှတ်ချက်~သုခ sign languageကိုသုံးတဲ့အခါဆို မျက်တောင်အဖွင့်အပိတ်တစ်ခုတည်းကိုသုံးပါမည် ('....')]

⭐unicode⭐

"umm..သုခ"

မိုးပြာရောင် အခန်းလေးထဲဝယ် ကိုကို့နှုတ်ဖျားက
ထွက်ပေါ်လာသော ညင်းသွဲ့သွဲ့ သံစဥ်တွေက ပျံ့ဝဲလျက်။

နဖူးပြေပြေလေးပေါ်တွင် ကြည်လင်တဲ့ ချွေးသီးချွေးပေါက်လေးတွေ တွဲခိုလို့။

နီစွေးပါသော နှုတ်ခမ်းထူထူလေးတစ်စုံက ခပ်ဟဟဖြစ်နေပြီး ပါးပြင်နုနုလေးနှစ်ဖက်ကတော့ ပန်းခင်းနီနီကြီးလို ရဲစိုနေလို့။

ဖွေးအုနေသော ရင်အစုံကမောဟိုက်မှုကြောင့်နိမ့်ချည်မြင့်ချည်ဖြစ်နေကာ မိမိရဲ့ကြမ်းတမ်းလှသော လှုပ်ရှားမှုတွေကြောင့် ဇင်ရောတောင်မျက်ခုံးတန်းတန်းလေးနှစ်ဖက်ကတွန့်ကွေးသွားပြီး မျက်နှာလှလှလေးကပါ နံဘေးသို့စောင်းကာ တစ်ချက်ရှုံ့မဲ့သွားသလို။

အသွေးတွေအသားတွေကြားစိမ့်စီးဝင်လာတဲ့ စွဲမက်စရာကောင်းလှပါသော ကိုကို့ရဲ့အထိအတွေ့တွေက ရူးလောက်သည်အထိပင်။

စောင်းငဲ့ထားသောကြောင့် ထင်းကနဲဖြစ်နေပါသော
သွေးကြောစိမ်းတွေယှက်နေတဲ့လည်တိုင်လေးကို ရှိုက်ကာရှိုက်ကာ နမ်းပြီး အချစ်နွံထဲဝယ်ကိုကိုနဲ့အတူ
နစ်မြောနေစဥ်....

"တီး...တီ!"

ကျယ်လောင်စွာထွက်ပေါ်လာသော အသံကြီးကြောင့် အိပ်မက်ကမ္ဘာကနေ အလန့်တကြားနိုးလာကာ ကုတင်ပေါ်တွင် ငုတ်တုတ်ကြီးထိုင်ပါသော သုခ။

"တီ..တီး..တီး..တီ"

ကုတင်နံဘေးရှိ စာရေးခုံပေါ်မှ တတီတီမြည်နေပါသော နာရီလေးအား ဆတ်ကနဲဆွဲယူကာပိတ်ပစ်လိုက်ရသည်။

ခြောက်နာရီတောင်ခွဲနေပြီပဲ။

အောက်ပိုင်းတစ်နေရာမှ စိုထိုင်းထိုင်းခံစားချက်ကြောင့် ခြုံထားသောစောင်ကိုအသာလှပ်လိုက်တော့ ဘောင်းဘီခွနှင့်အိပ်ရာခင်းတွင် ကွက်တီးကွက်ကျား စွန်းထင်းနေတဲ့ အဖြူကွက်တွေ။

ဒီလိုတွေဖြစ်နေတာ သုံးရက်ရှိပြီ။
အရင်က ဒီလိုစိတ်တွေမရှိခဲ့ဖူးလားဆိုတော့ ပုထုဇဉ် ယောကျာ်းပဲလေရှိတာပေါ့။

Someone Ordinary🍁{Completed}Where stories live. Discover now