⭐unicode⭐
"တကယ်ပဲ ဝဏနဲ့ထိပ်တိုက်တွေ့ခဲ့ကြတာလား?"
သူ တစ်ခါမှ ယခုကဲ့သို့ အပျက်ပျက်အယွင်းယွင်းဖြစ်နေပါသော ငြိမ်းစံ၏မျက်နှာကိုမမြင်ဖူးသေး။
တကယ်ပဲ အဲ့လူက ဘယ်လိုလူမို့လို့ သည်လောက် ထိစိုးထိတ်နေကြတာလဲ?
လေးလံနေတဲ့ စိတ်နဲ့အတူ ခေါင်းငြိမ့်ပြတော့ ငြိမ်းစံထံမှ 'ကျစ်'ဟူသော စုတ်သတ်သံထွက်ပေါ်လာသည်။
ငြိမ်းစံ သူ့ကို စိတ်ဆိုးနေပုံရသည်မို့ သူလည်း မည်သည့်စကားမှမဆိုဘဲ အတန်ကြာတိတ်ဆိတ်နေလိုက်သည်။
"ကျွန်တော်တစ်ခုလောက်ဝင်ပြောမယ်နော်။ တကယ်တော့ ဟိုလူတွေဘက်ကအရင်စfoulတာငြိမ်းစံရ။အုပ်စိုးပြန်ပြောတာမမှားဘူးလို့ကျွန်တော်ထင်တယ်။ပြောတာ နည်းတောင်နည်းနေသေးလားလို့"
နံဘေးမှ မောင်ခန့်က သူ့ဘက်မှနေ၍ ဝင်ရောက် ဖျန်ဖြေပေးသည်။
သို့သော် ငြိမ်းစံက မောင်ခန့်စကားကို လက်သင့်မခံချင်ဟန် မျက်လုံးစုံမှိတ်ကာ ခေါင်းတယိမ်းယိမ်း။"မိငြိမ်းလည်း အုပ်စိုးအမှားမဟုတ်ဘူးဆိုတာသိတယ်။ ဘုန်းခန့်နဲ့အုပ်စိုးက ဒီမှာလူသစ်တွေမို့ ဟိုလူအကြောင်းမသိတာ။သုခကိုလည်း မိငြိမ်းအမြဲတတွတ်တွတ်မှာနေရတယ် ။သူနဲ့တွေ့ရင် ရှောင်ဖို့။မှာထားတဲ့ကြားထဲကမှ တည့်တည့်ကြီးသွားတိုးခဲ့ရတယ်လို့"
စကားလည်းဆုံးရော ငြိမ်းစံကသက်ပြင်းအရှည်ကြီးကိုချသည်။
ကိုယ်ကအမှားတစ်စုံတစ်ရာလုပ်ထားသည့်ပုံရသည်မို့ ဆိတ်ဆိတ်နေသင့်ပါသော်လည်း သိချင်တဲ့စိတ်က ပြင်းပြကာ ချုပ်တည်းမရ။
"ငြိမ်းစံ အဲ့ဒီလူက တကယ်ပဲဘာကောင်မို့လို့ ဒီလောက်ကြောက်နေရတာလဲ။နောက်ပြီး သုခနဲ့ဘာပြသနာတွေရှိခဲ့လို့လဲ"
ငြိမ်းစံက ဒုတိယအကြိမ်မြောက် ပင့်သက်ဖွဖွကိုချသည်။
"ဝဏက ဒီရပ်ကွက်မှာ ငယ်ငယ်လေးတည်းက အဖွဲ့လိုက်ရမ်းကားခဲ့တဲ့လူတွေ။ ဆေးသုံးတယ်။ဖဲရိုက်တယ်။
ရန်ဖြစ်လို့ အချုပ်ထဲခဏခဏရောက်တယ်။သူ မလုပ်ရဲတာ ဘာမှကိုမရှိတာ။ တစ်ခါက မိငြိမ်းစျေးဝယ်လို့ပြီးတော့ သုခ လာအကြိုကို စျေးထိပ်မှာစောင့်နေတာ။ အဲ့တာ ဝဏက မိငြိမ်းကို ဆွဲလားရမ်းလားနဲ့ထိကပါးရိကပါးလာလုပ်တာ။ သုခက အဲ့တာကိုမြင်တော့ ချက်ချင်း ဟိုလူရဲ့ မျက်နှာကို မရပ်မနားကိုထိုးလိုက်တာ။ နှာခေါင်းရိုးကျိုးသွားတယ်ဆိုလား။ ဒင်းက သူများကိုပဲထိခိုက်အောင်လုပ်တာ။သူ့ကိုထိရင်လုံးဝမခံဘူး။ ဒါပေမဲ့ အဲ့အချိန်က ရဲတွေက မူးယစ်ဆေးအမှုနဲ့သူတို့ကို လိုက်နေတာကြားလို့ တစ်နေရာရာမှာသွားရှောင်တယ်ဆိုလား။အခုပြန်ရောက်လာပြီဆိုတော့.."
YOU ARE READING
Someone Ordinary🍁{Completed}
RomanceU are 'Someone Ordinary',yet the most precious person to me💫